စယ်လန့်ရှမ်းသမိုင်းဝင်မြို့ရိုးကို TNLA ဖြိုဖျက်ဆီးမှု  SSPP/SSA ရှုံ့ချ

ဩဂုတ် ၁၃ ၊ မူဆယ်

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းရှိ စယ်လန့်ကျေးရွာက ရှမ်းမင်းဧကရာဇ် စဝ်ဆေခန်ဖလက်ထက်က မြို့ရိုးကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့ဝင်တချို့က ဩဂုတ်လ (၇) ရက်နေ့မှာ  ဖြိုဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ 

အခုလို ဖြိုဖျက်မှုနဲ့ ပတ်သက်ပြီး စယ်လန့်ဒေသခံလူငယ်တွေက ကန့်ကွက်ကြောင်း  မြေစာထိုးနေတဲ့ နေရာဆီကို ဩဂုတ်လ ၈ ရက်နေ့က သွားရောက်ကန့်ကွက်ခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ 

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က အခုလို TNAL/PSLF တပ်ဖွဲ့ဝင်တွေ သမိုင်းဝင်နေရာကို ဘော်ဒိုဇာ မြေထိုးစက်နဲ့ ဖြိုဖျက်ခဲ့မှုကို  ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချတယ်လို့ ဩဂုတ်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

အခုလို သမိုင်းဝင် ရှေးဟောင်းအမွေအနှစ် ဖျက်ဆီးခံရမှုဟာ လက်ခံနိုင်စရာမရှိတဲ့ ကျူးလွန်မှုဖြစ်တယ်လို့ ဆိုပါတယ်။

မြေထိုးစက်နဲ့ ဖျက်ဆီးလိုက်တဲ့ မြို့ရိုးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်ကတည်းက ရှိခဲ့တဲ့ဒေသတစ်ခုဖြစ်ပြီး ရှမ်းမင်းဧကရာဇ်တွေရဲ့ စီမံအုပ်ချုပ်တဲ့မြို့တော် အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ 

TNLA ရဲ့ လုပ်ဆောင်ခဲ့မှုနဲ့ ပတ်သက်ပြီးတော့ ရဟန်းရှင်လူပြည်သူတွေကို ရှင်းလင်းပေးဖို့ အလေးအနက်တောင်းဆိုတယ်လို့လည်း SSPP/SSA ကထုတ်ပြန်ပါတယ်။ 

စယ်လန့်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ TNLA နဲ့ စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေအိမ်တချို့လည်း ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *