ဆန်စင်ရာ ကျည်ပွေ့မလိုက်သင့်

ဆန်စင်ရာ ကျည်ပွေ့လိုက်တယ်ဆိုတဲ့ စကား အရပ်ထဲတွင် လူကြီးသူမများ ပြောလေ့ ရှိကြသည်။ ရည်ရွယ်ချက် ပြတ်ပြတ်သားသားမရှိပဲ ဟိုဟာကောင်းနိူးနိူး ဒီဟာကောင်းနိူူးနိူး လိုက်လုပ်ခြင်းကို ဆိုလိုသည်။ လုပ်ငန်းနယ်ပယ်တွင်ဖြစ်စေ နိူင်ငံရေး လူမှှုရေးတွင်ဖြစ်စေ ဆန်စင်ရာ ကျည်ပွေ့လိုက်နေသူတွေ အဖွဲ့အစည်းတွေ ရှိတတ်ကြသည်။ ခိုင်မာသော မူဝါဒ ရပ်တည်ချက် မရှိပဲ သူများအခြေအနေကိုကြည့်၍ သာမလို လုပ်ဆောင်ကြသည်။ ထိုသို့သော အဖွဲ့အစည်းများသည် ရေရှည်တွင်အောင်မြင်မှှုရမည် မဟုတ်ချေ။ အားကြီးသူ သဘောနောက်လိုက်ရင်း သူများအသုံးချခံသက်သက်ဖြစ်သွှားတတ်သည်။ အထူးသဖြင့် နိူင်ငံရေးတွင် အများဆုံးသတိထားရမည်ဖြစ်သည်။

သာရာလိုက်ခြင်းနှင့် အခြေအနေအချိန်အခါကိုကြည့် ကစားတတ်ခြင်းသည် တူမယောင်နှင့် မတူချေ။ အခြေအနေအချိန်အခါကြည့်၍ လုပ်သင့်တာကိုလုပ် ခြင်းတွင် အနစ်နာခံခြင်းနှင့် အများအကျိုးအတွက် အနစ်နာခံနိူင်ခြင်း အခက်အခဲကို သတ္တိရှိရှိ ရင်ဆိုင်ခြင်းတို့ပါဝင်ပါသည်။ ဆန်စင်ရာကျည်ပွေ့လိုက်သူများမှာ အခက်အခဲကို ရင်မဆိုင်ရဲ မိမိတို့ မူဝါဒထိခိုက်စေကာမူ သက်သာရာကိုသာလိုက်၍ ပြုမှှုဆောင်ရွက်တတ်ကြသည်။

ရှမ်းနီတိုင်းရင်းသားအရေးကို ဦးဆောင်လုပ်ကိုင်နေသူများကြားတွင် ဆန်စင်ရာ ကျည်ပွေ့လိုက်လိုသူများကို တွေ့မြင်နေရသည်။ မိမိတို့အမျိုးသားများ၏ ရပိုင်ခွင့် အခွင့်အရေးနှင့် မူလစရိုက်လက္ခဏာကို ပြတ်ပြတ်သားသား ရပ်တည်ဆောင်ရွက်လိုခြင်းမရှိပဲ သူများအကြိုက်သာ လိုက်၍ လေစုန် ရေစုန်ကိုသာ မျောလိုသူများ အများအပြားတွေ့နေရသည်။ မိမိတို့မှာ သခင်မျက်နှာကိုကြည့်၍ မျှော်နေသော အိမ်မွေးတိရိစ္ဆာန်နှင့်ပင် တူနေတော့သည်။

နိူင်ငံရေးဟူသည် ခေတ်အမျိုးမျိုး စနစ်အမျိုးမျိုး လူအမျိုးမျိုး ပြောင်းလဲတတ်၍ ဆန်စင်ရာ ကျည်ပွေ့လိုက်နေပါက မိမိသာ ပုံသဏ္ဍာန်ပြောင်းလဲသွားစရာရှိပါသည်။ အရေးကြီးသည်မှာ မိမိတို့၏အမျိုးသားရေး လမ်းညွှန်မြေပုံပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်၍ မည်သည့်စနစ်တွင်မဆို မည်သူအုပ်ချုပ်သည်ဖြစ်စေ မိမိတို့ရပိုင်ခွင့်နှင့် အခွင့်အရေးကို မားမားမတ်မတ် ရပ်တည်ဆောင်ရွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

အယ်ဒီတာ

Leave a Reply

Your email address will not be published. Required fields are marked *