ဆန်စျေးတည်ငြိမ်ရေးအရန်ဆန်အိတ်ရေငါးသောင်းထုတ်ရောင်းသွားမယ်လို့ဆို 

ဇူလိုင်၃၀ရန်ကုန် 

ဆန်ဈေးပြန်လည်တည်ငြိမ်ရေးတွက် အရန်ဆန်များကို ထုတ်သုံးသွားမယ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးခဲ့ပါတယ်။ 

ဆန်စပါးဈေးတည်ငြိမ်ရေးတွက် ပို့ကုန်ကုမ္ပဏီများရဲ့ အစီအစဉ်နဲ့  စုဆောင်းထားတဲ့ အရန်ဆန်တွေကို  ဈေးကွက်တွင်းသို့ အမြန်ဆုံးထည့်သွင်းရောင်းချသွားမှာဖြစ်ပါတယ်။

ဆန်ရောင်းချမယ့်  ကနဦးအနေဖြင့်  ၅၀ကီလိုအိပ် အိတ်ရေ ၅၀၀၀၀ ကို ထုတ်ရောင်းသွားမယ်လို့သိရပြီး တိုးမြင့်ရောင်းရေးကို စီမံသွားမယ်လို့ဆိုထားပါတယ်။ 

ဆန်စပါးအသင်းချုပ်က ဆန်းဈေးတည်ငြိမ်ရေးတွက် ပုပ္ပလိကအခန်းကဏ္ဍမှ စီစဉ်သွားမည်ဖြစ်ကြောင်းလဲ ဆိုထားပါတယ်။ 

လတ်တလောအခြေနေမှာ ပြည်တွင်းမှာဆန်များ ဖူလုံမှုလုံလောက်မှု အပြည်ဝရှိနေသေးသလို  မြန်မာနိုင်ငံအနောက်ပိုင်းနှင့်အလယ်ပိုင်းမှာ စပါးရိတ်သိမ်းချိန် စပါးပေါ်ထွက်နေဆဲဖြစ်တာကြောင့် ဆန်စျေးနှုန်းတည်ငြိမ်နေတယ်လို့ ဆန်စပါးအသင်းက ဆိုပါတယ်။ 

မြန်မာနိုင်ငံအထက်ပိုင်းမှာ ဒေသစားသုံးမှုများတဲ့ ဆင်း(၃) ဆန်စပါးစျေးနှုန်းက တစ်အိတ် ကျပ် ရှစ်သောင်းမှ တစ်သိန်းကျပ်နီးပါးရှိနေတယ််လို့ စျေးကွက်အတွင်းမှ စုံစမ်းသိရပါတယ်။ 

လတ်တလော န ငွေစက္ကူအသစ် နှစ်သောင်းတန်ပေါ်ထွက်လာသတင်း နဲ့ ဈေးကွက်ကစားမှုများကြောင့် မြန်မာ့ငွေကြေးတန်ဖိုးကျဆင်းနေပြီး  ဒေါ်လာဈေးအပါဝင် စားသုံးကုန်အားလုံး ဈေးနှုန်းမြင့်တက်နေတာလဲ ဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *