မတ်၁၈၊ရန်ကုန်
၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကနေအင်္ဂလိပ်စာ၊ဓာတု၊ဇီဝစတဲ့သုံးဘာသာစုစုပေါင်းရမှတ်အနည်းအများပေါ်မူတည်ပြီးခေါ်မယ်လို့စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကမနေ့ကကြေညာခဲ့ပါတယ်။
မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ခြောက်ဘာသာရမှတ်ရဲ့ သတ်မှတ်စုစုပေါင်း ရမှတ်ရရှိသူတွေထဲကမှ အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ သုံးဘာသာစုစုပေါင်းရမှတ် (အများ/အနည်း) ပေါ်မူတည်၍ လူတွေ့စစ်ဆေးခြင်း စာမေးပွဲဖြေဆိုခွင့်ပြုမှာဖြစ်တယ်လို့ ကြေညာပါတယ်။
ဒီဘာသာရပ်တွေတောင် ကွာလဖိုင်းဖြစ်အောင် သင်နိုင် လေ့လာနိုင်တဲ့ ဉာဏ်မရှိပဲ ဆေးကုခိုင်းမယ်ဆိုရင် အနာဂတ်ဆေးလောကအတွက် ရင်လေးစရာစိတ်မကောင်းစရာပါလို့ နာမည်ကျော် ဒေါက်တာတစ်ဦးက လူမှုကွန်ရက်မှာ ဝေဖန်ထားပါတယ်။
ရွေးချယ်ခံရသူတွေကိုလည်း ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ တက်ရောက်ခွင့်ပြုမှာဖြစ်ကြောင်း ကျောင်းသား/သူများ ကြိုတင်သိရှိနိုင်ရေးအတွက် အသိပေးကြေညာအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် ဆရာ/ဝန်အများစု CDM လုပ်ရှားမှုမှာပါဝင်ပြီး ဆေးရုံတွေအပြင် တက္ကသိုလ်တွေကပါ ပိတ်ထားနေရတာပါ။
CDM လုပ်တဲ့ စာရင်းမှာ ပညာရေးဝန်ကြီးဌာနပြီးရင် ဆေးလောကက အများဆုံးဖြစ်ပါတယ်လို့ သိရပါတယ်။