တက္ကသိုလ်ဝင်စာမေးပွဲ ( စနစ်ဟောင်း ) ဖြေဆိုခွင့်လျှောက်လွှာများ လက်ခံခြင်းကို အောက်တိုဘာ ၃၁ ရက်အထိ တစ်လတိတိတိုးမြှင့်လိုက်ကြောင်း မြန်မာနိုင်ငံစာစစ်ဌာနက ထုတ်ပြန်ထားပါတယ်။
စာမေးပွဲဝင်ခွင့်လျှောက်လွှာတွေကို စက်တင်ဘာ ၁ ရက်နေ့က ၃၀ ရက်နေ့အထိသာ လက်ခံမယ်လို့ဆိုထားပြီး အခုလို ထပ်မံတိုးမြင့်လိုက်တာလည်းဖြစ်ပါတယ်။
ဝေးလံဒေသတွေက ကျောင်းသား၊ ကျောင်းသူများနဲ့ အကြောင်းအမျိုးမျိုးကြောင့် အချိန်မီ တက္ကသိုလ်ဝင် စာမေးပွဲလျှောက်လွှာ မတင်သွင်းနိုင်သေးတဲ့ သူတွေကို အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ပြီး၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ လျှောက်လွှာလက်ခံခြင်းအတွက် အောက်တိုဘာလ (၃၁) ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်လိုက်တယ်လို့သိရပါတယ်။
စာမေးပွဲဝင်ခွင့်အတွက် ငွေသွင်းတံဆိပ်ခေါင်း (၇၀၀)ကျပ်နှင့် လျှောက်လွှာဖောင်အတွက် (၂၀၀) ကျပ် စုစုပေါင်း (၉၀၀) ကျပ် ကျင်သင့်မယ်လို့ ဆိုပါတယ်။
စာမေးပွဲလျှောက်လွှာတင်သွင်းရာမှာ အတွဲ ၁ ၊ ၅ ၊ ၆ ၊ ၇ ၊ ၈ အတွက် အစိမ်းရောင်ဝင်ခွင့်လျှောက်လွှာ နဲ့ အတွဲ ၂ ၊ ၃ ၊ ၄ တွေအတွက် ပန်းရောင်ကဒ်ပြားလျှောက်လွှာဆိုပြီး ခွဲခြားသတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲမှာ ကျောင်းသူကျောင်းသား နှစ်သိန်းရှစ်သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး တစ်သိန်းသုံးသောင်းကျော် အောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။