စက်တင်ဘာ ၂၇ ၊ မိုးညှင်း
မိုးညှင်းမြို့ထဲမှာ တစ်ပတ်အတွင်း ကြိုးဆွဲချသေဆုံးသူ (၂) ဦးထိရှိခဲ့တယ်လို့ မေတ္တာလေညှင်း လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းမှာ တဲကြီးကုန်းကျေးရွာက အသက် ၃၈ ရှစ်နှစ်အရွယ် ဦးထွန်းတင်က နေအိမ်မှာ ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။
ကြိုးဆွဲချသေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ မိသားစုဆီကနေ အသေးစိတ်အချက်အလက်တော့မသိရှိရပါဘူး။
အလားတူ စက်တင်ဘာလ ၂၁ရက်နေ့က မိုးညှင်းမြို့ အောင်ချမ်းသာရပ်ကွက်က အသက် ၃၀ အရွယ် ကိုပြည့်ဖြိုးအောင်က ကြိုးဆွဲချ သေဆုံးမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ ကိုပြည့်ဖြိုးအောင်က စစ်ကိုင်းတိုင်းဒေသကြီး ၊ပုလဲမြို့နယ်ကနေ မိသားစုလိုက်ပြောင်းရွေ့လာပြီး သံတို၊သံစ၊ဗူးခွံများ အရောင်းအဝယ်ပြုလုပ်နေကြသူတွေဖြစ်တယ်လို သိရပါတယ်။
ကချင်ပြည်နယ်ထဲမှာ လက်ရှိတစ်ပတ်အတွင်း ၃ ဦးအထိ ကိုယ့်ကို သတ်သေမှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ မပြင်ကျေးရွာ နဲ့ ပန်းလားကျေးရွာတွေက လူငယ်တချို့ ကိုယ့်ကို အဆုံးစီရင်မှု တစ်လအတွင်း နှစ်ခုအထိရှိတာလည်းဖြစ်ပါတယ်။