နိုဝင်ဘာလ ၇ ရက်နေ့က စပြီး ဒီဇင်ဘာလ ၆ ရက်နေ့အထိ တစ်လအတွင်းမှာ စစ်ကောင်စီတပ်သား နှစ်ထောင်ကျော် သေဆုံးကြောင်း NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
တစ်လအတင်းမှာ စစ်ကောင်စီတပ်သား ၂၁၁၇ ဦး ကျဆုံးခဲ့ပြီး ၆၈၂ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ တိုက်ပွဲဖြစ်ပွားမှု တစ်လအတွင်း အကြိမ်ရေ လေးရာကျော်ဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းက တိုင်ပွဲ အကြိမ်ရေ ၁၇၁ ကြိမ်ဖြင့် အများဆုံးဖြစ်ခဲ့ကာ ဒုတိယမှာ မကွေးတိုင်းက အကြိမ်ရေ ၄၁ ကြိမ်ဖြစ်ပွားခဲ့တာလည်းဖြစ်ကြောင်း ပြောဆိုထားပါတယ်။
Institute for Strategy and Policy- Myanmar – ISP ရဲ့ သုတေသနစာတမ်းအရ နိုဝင်ဘာလမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားမှုက အကြိမ်ရေအများဆုံးဖြစ်ကြောင်း ရေးသားထားပါတယ်။
စစ်ကောင်စီဘက်က အနော်ရထာစစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးက နိုဝင်ဘာလမှာ စစ်ကိုင်းတိုင်း ၊ မကွေးနတိုင်း နဲ့ ချင်းပြည်နယ်တို့မှာ စစ်ဆင်ရေးပြုလုပ်ခဲ့ပြီး လေကြောင်းထိုးစစ်ဆင်မှုတွေလည်း ပြုလုပ်ခဲ့ကြောင်း ISP သုတေသနစာတမ်းက ရေးသားထားပါတယ်။
တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုတွေလည်း အရပ်သားသေဆုံးမှုက ရာနဲ့ချီရှိပြီးတော့ မြန်မာတစ်ဝန်းသိန်းနဲ့ချီတဲ့ ပြည်သူလူထုတွေလည်း နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်တိုက်ပွဲဖြစ်ပွားမှုက အကြိမ်ရေ နှစ်ထောင်နီးပါးဖြစ်ပွားခဲ့ရာမှာ အကြိမ်ရေ တစ်ထောင်ခန့်က NUG က ပြည်သူ့ခုခံစစ်ကြေညာပြီးနောက်မှာ ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။