တမူးမြို့မှာတမီးလ်လူငယ်နှစ်ဦးသေဆုံးမှုကြောင့်မြန်မာ-အိန္ဒိယနယ်စပ်ကိုဝင်ထွက်ခွင့်ကန့်သတ်ထား

ဇူလိုင် () တမူး

တမူးမြို့မှာ အိန္ဒိယနိုင်ငံသား တမီးလ်လူငယ်နှစ်ဦးအသတ်ခံရပြီးတဲ့နောက် မြန်မာ-အိန္ဒိယနယ်စပ် ဝင်ထွက်သွားလာခွင့်ကို  ကန့်သတ်ထားလိုက်တယ်လို့ သိရပါတယ်။ 

အရေးကြီးကိစ္စမရှိပဲ အိန္ဒိယနိုင်ငံသားတွေက မြန်မာပြည်ဘက်ခြမ်းကို သွားလာခြင်းမပြုရန် နဲ့ သွားလာမယ်ဆိုရင်  သက်ဆိုင်ရာ၏ ခွင့်ပြုချက်ကို ရယူပြီးမှသာ သွားလာရမှာဖြစ်တယ်လို့  ဇူလိုင်လ (၆) ရက်နေ့မှာ အိန္ဒိယ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ 

မြန်မာပြည်ဘက်ကလည်း ခွင့်ပြုချက်မရှိဘဲ ဝင်ထွက်သွားလာခွင့် ပြုတော့မှာမဟုတ်ကြောင်းကိုလည်း ဆိုထားပါတယ်။ 

မနေ့ကဇူလိုင်လ (၆) ရက်နေ့မှာ အသတ်ခံရတဲ့ အိန္ဒိယနိုင်ငံသားနှစ်ဦးရဲ့အလောင်းကို ပြန်ပို့ပေးဖို့ တောင်းဆိုရာကနေ အိန္ဒိယနယ်စပ်မြို့ဖြစ်တဲ့ မိုရေလ်မြို့မှာ လူစုလူဝေးနဲ့ ဆန္ဒပြတောင်းဆိုမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ 

အဲ့တာကြောင့် မိုးရေးလ်မြို့ထဲမှာ လူစုလူဝေးပြုလုပ်တာ ၊ အုပ်စုလိုက်သွားလာခြင်းတွေကို ဇူလိုင်လ ၆ရက်နေ့က စတင်ကန့်သတ်ပိတ်ပင်လိုက်တယ်လို့  အိန္ဒိယနိုင်ငံ မဏိပူပြည်နယ် ခရိုင်အုပ်ချုပ်ရေးဘက်က ထုတ်ပြန်ထားတဲ့ စာတွေအရ သိရပါတယ်။ 

ဒီလိုပိတ်လိုက်တာကြောင့်  ပြန်ဖွင့်ဖို့ပြင်ဆင်နေတဲ့ နယ်စပ်ကုန်သွယ်ရေးလည်း ရပ်တန့်နေတယ်လို့ သိရပါတယ်။ 

တမူးမြို့ စော်ဘွားရပ်ကွက် အထကကျောင်းအနီးမှာ အိန္ဒိယနိုင်ငံ၊ မိုရေလ်မြို့သား ၂ ဦးကို ပျူစောထီးအဖွဲ့က ဇူလိုင် ၅ ရက် နေ့လည်ပိုင်းမှာ သေနတ်နဲ့ပစ်သတ်သွားတယ်လို့ အိန္ဒိယသတင်းတွေမှာဖော်ပြပါတယ်။ 

ပစ်သတ်ခံရတဲ့သူတွေဟာ မိုးရေလ်မြို့မှာနေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ပီမိုဟမ် နဲ့ အသက် ၃၅ နှစ်အရွယ်  အမ်ရနာ တို့ဖြစ်ပါတယ်။ 

အိန္ဒိယ တာဝန်ရှိသူများက အလောင်းများကို ပြန်လည်သယ်ယူရန်အတွက် ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့လည်း  India express သတင်းစာက ရေးသားထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *