ဇူလိုင် ၈ ၊ မန္တလေ
း မြန်မာနိုင်ငံ၏ တယ်လီနော်မြန်မာ လက်ဘနွန်နိုင်ငံသားပိုင် ကုမ္ပဏီဖြစ်သည့် M1 Group ကို ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချလိုက်ကြောင်း တယ်လီနော်က ယနေ့ ဇူလိုင် ၈ ရက်နေ့တွင် ကြေညာခဲ့သည်။
“ လွန်ခဲ့တဲ့လတွေတုန်းက မြန်မာနိုင်ငံရဲ့ အခြေအနေကလူတွေရဲ့ လုံခြုံရေး ၊ စည်းမျဉ်းစည်းကမ်း တချို့ကို နာလိုက်ကျင့်သုံးဖို့အတွက်ကလည်း တယ်လီနော်အတွက် စိန်ခေါ်မှုပိုများလာတယ်။ ရွေးချယ်စရာ အားလုံးကို အကဲဖြတ်ပြီးတော့ ရောင်းချမှုက အကောင်းဆုံးအဖြေဖြစ်မယ်လို့ယုံကြည်လို့ M1 Group ကို ရောင်း ချဖို့ သဘောတူဆုံးဖြတ်ခဲ့ပါတယ် “ ဟု တယ်လီနော်၏ အမှုဆောင်အရာရှိချုပ် Sigve Brekke က ထုတ်ပြန်ပြောကြားထားသည်။
တယ်လီနော်သည် မြန်မာပြည်တွင်သုံးစွဲသူပေါင်း ၁၈.၇ သန်းကျော်ရှိပြီး အာဏာသိမ်းမှုနောက်ပိုင်း စိတ်ချရသည့် တယ်လီကွန်းကုမ္ပဏီတစ်ခုအဖြစ် ပြည်သူများက ယုံကြည်ကာပိုမိုသုံးစွဲခဲ့ကြသည်။
တယ်လီနော်ကို ရာနှုန်းပြည့် ရောင်းချလိုက်သော်လည်း လုပ်ငန်းလည်ပတ်မှုနှင့် ဝန်ဆောင်မှုများကို ဆက်လက်လုပ်ဆောင်မည်ဟုလည်း ထုတ်ပြန်ထားသည်။
M1 Group သည် စစ်တပ်ပိုင် တယ်လီကွန်းကုမ္ပဏီဖြစ်သည့် mytel တာဝါတိုင်များကို တည်ဆောက်ပေးသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး အမည်ပျက်စာရင်းတွင်လည်း ပါဝင်သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။
တယ်လီနော်သည် မြန်မာနိုင်ငံသို့ ၂၀၁၄ ခုနှစ်တွင်ဝင်ရောက်လာခဲ့ပြီး (၇) နှစ်တာ လုပ်ကိုင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ ထွက်ခွာသွားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး တစ်ခုလည်းဖြစ်သည်။