မတ် ၁၈ ၊ ရန်ကုန်
တယ်လီနောမြန်မာရောင်းချမှုကို စစ်ကောင်စီထံမှ နောက်ဆုံးခွင့်ပြုချက်ရရှိထားကြောင်း တယ်လီနောက ပြောတယ်လို့ ဒီနေ့ ရိုက်တာသတင်းဌာနမှာ ရေးသားဖော်ပြထားပါတယ်။
စစ်ကောင်စီက နော်ဝေဆက်သွယ်ရေးကုမ္ပဏီ တယ်လီနော၏ လုပ်ငန်းလည်ပတ်မှုတွေကို ပြည်တွင်းကုမ္ပဏီတစ်ခုနဲ့ လက်ဘနွန်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ M1 ကို ရောင်းချဖို့ နောက်ဆုံးခွင့်ပြုပေးလိုက်ကြောင်း ဒီကုမ္ပဏီတွေဘက်က သောကြာနေ့မှာပြောဆိုပါတယ်။
တယ်လီနောရဲ့ CEO ဖြစ်သူ Sigve Brekke က “လူ့အခွင့်အရေးနဲ့ တာဝန်ယူမှုရှိတဲ့ စီးပွားရေးဆိုင်ရာ စံနှုန်းများကို လိုက်နာဖို့ နဲ့ မြန်မာနိုင်ငံရှိ ဒေသန္တရဥပဒေတွေက ဥရောပဥပဒေများနှင့် ကွဲလွဲနေသောကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာမှာလို့ ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
တယ်လီနောမြန်မာ ကို ၎င်း၏ပိုင်ရှင်အသစ်ထံ လွှဲပြောင်းခြင်းမှာ ငါးရက်အတွင်း ဆောင်ရွက်ရမယ်လို့ မတ် ၁၅ ရက်က ပေးပို့တဲ့ အတည်ပြုစာအရ သိရပါတယ်။
M1 Group အနေနဲ့ Telenor Group ရဲ့ မြန်မာလုပ်ငန်းခွဲကို ဝယ်ယူဖို့အတွက် ကနဦးသဘောတူညီချက်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ကြေညာခဲ့ပြီး လတ်တလောမှာတော့ မြန်မာဈေးကွက်အတွက် M1 Group ဟာ ပိုင်ဆိုင်မှုကို လွှဲပြောင်းရယူမယ့် လုပ်ငန်းသစ်တခုဖြစ်တဲ့ Investcom ကတဆင့် ပြည်တွင်းက စစ်တပ်ကျောထောက်နောက်ခံ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်နေတာပါ။
ဒီကိစ္စကို မှတ်ချက်ပေးဖို့ စစ်ကောင်စီဘက်ကို တယ်လီဖုန်း ၊ အီးမေးလ် ပေးပို့တောင်းဆိုမှုများကို ချက်ချင်းတုံ့ပြန်ခြင်းမရှိပေ။
“ပြီးခဲ့တဲ့နှစ်ဟာ အလွန်ခက်ခဲတဲ့အခြေအနေတစ်ခုဖြစ်ခဲ့ပါတယ်၊ ဒါဟာ တယ်လီနောအနေနဲ့ ကိုင်တွယ်ဖြေရှင်းခဲ့ရတဲ့ အခက်ခဲဆုံးဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်၊ လက်တွေ့မှာနေထိုင်နေတဲ့လူတွေအတွက် ပိုတောင်ခက်ခဲပါတယ်” ဟု Brekke က Reuters သို့ပြောကြားခဲ့ပါတယ်။