ဇန်နဝါရီ ၂ ၊ ရန်ကုန်
တရုတ်နိုင်ငံ၏ တစ်နိုင်ငံတည်းမူဝါဒကို ဆက်လက်ထောက်ခံကြောင်း အပါအဝင် အချက် (၁၀) ချက်ပါဝင်တဲ့ တရုတ်နိုင်ငံဆိုင်ရာ ကြေညာချက် တစ်စောင် ဇန်နဝါရီလ(၁)ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ထုတ်ပြန်လာခဲ့ပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့်လည်း လွတ်လပ်ပြီး တက်ကြွတဲ့ ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ချမှတ်လိုက်နာကျင့်သုံးထားသလို တရုတ်-မြန်မာ နှစ်နိုင်ငံခြားမှာ “ဆွေမျိုး-ပေါက်ဖော်” ဆက်ဆံရေးကို တည်ဆောက်သွားမယ်လို့ ကြေညာချက်ထဲမှာ ဆိုထားပါတယ်။
NUG က မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားလူမှုစီးပွားရေးလုပ်ငန်းတွေရဲ့ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်သွားမှာလို့လည်းဆိုပါတယ်။
ဒါ့ပြင် ၂၀၂၁ ခုနှစ် မတိုင်ခင်က နှစ်နိုင်ငံနယ်နိမိတ်သတ်မှတ်မှုစာချုပ်များ၊ ဘဘောတူစာချုပ်များအားလုံးကို တာဝန်ယူသွားမယ်လို့လည်း ပြောပါတယ်။
နယ်စပ်ဒေသက အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ၊ မူးယစ်ဆေးဝါးပြဿနာ၊ လူကုန်ကူးမှု ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို တရုတ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းသွားမယ်လို့ ဆိုပါတယ်။
အိမ်နီးချင်းနိုင်ငံများရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ မည်သည့်အဖွဲ့စည်းကိုမျှ မြန်မာ့ပိုင်နက်တွင် အခြေချခွင့်မပြုကြောင်း လဲ သဘောထားပါဝင်ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံ၏ တစ်နိုင်ငံတည်းမူဝါဒ ကို စစ်ကောင်စီဘက်က ထောက်ခံကြောင်းအတိအလင်းပြောဆိုကြေညာထားပါတယ်။