





ဧပြီ ၁ ၊ မန္တလေး
ငလျင်ဒဏ်သင့် မန္တလေးမြို့အတွင်းက ပြိုကျပျက်စီးနေတဲ့ အဆောက်အဦးတွင်းက ပိတ်မိနေသူတွေကို တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေက မြို့ပတ်ပြီး ကယ်ဆယ်ရေးတွေပြုလုပ်နေပါတယ်။
ငလျင်လှုပ်ပြီး တစ်ရက်ကျော်အကြာမှာပဲ မြန်မာနိုင်ငံကို ရောက်ခဲ့တဲ့ တရုတ်ကူညီကယ်ဆယ်ရေးအဖွဲ့ တွေဟာ ပြိုကျပျက်စီးမှုများပြားသည့် နေရာတွေကို အဓိကထားကူညီကယ်ဆယ်နေတာလည်းဖြစ်ပါတယ်။
လက်ရှိအချိန်ထိ မန္တလေးတိုင်းဒေသကြီး အတွင်းမှာ မတ်လ ၃၁ ရက်နေ့ စာရင်းအရ စုစုပေါင်းလူဦးရေ (၄၀၃)ဦးကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ (၂၅၉)ဦး၏ ရုပ်အလောင်းများကို ထုတ်ယူနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီနေ့ ဧပြီလ ၁ ရက်နေ့အထိ တစ်နိုင်ငံလုံးစာရင်းတွေအရ သေဆုံးသူ ၂၇၁၉ ဦး ၊ ဒဏ်ရာရသူ ၄၅၂၁ ဦးနဲ့ ပျောက်ဆုံးသူ ၄၄၁ ဦးရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။