တရုတ်နှစ်သစ်ကူးကာလနယ်စပ်တလျှောက်စစ်ပွဲရပ်တန့်ဖို့တရုတ်ပြောဆိုကြောင်း KIO ထုတ်ပြန် 

KIA တပ်သားများကို တွေ့ရစဉ် Photo Credit – Internet


 ဇန်နဝါရီ ၂၆ ၊ မြစ်ကြီးနား 

တရုတ်နှစ်သစ်ကူးကာလတွင်း ၂၄ ကြိမ်မြောက် ဆောင်းရာဿီအိုလံပစ်ပြိုင်ပွဲ နဲ့ ကိုယ်လက်အင်္ဂါမသန်စွမ်း အားကစားပြိုင်ပွဲတွေကြောင့် တရုတ်နယ်စပ်တလျှောက် စစ်ပွဲများရပ်တန့်ထားဖို့ တရုတ်နိုင်ငံကတိုက်တွန်းမှုကြောင့် အလေးပေးစဉ်းစားရမယ်လို KIO က ဒီနေ့ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ 

ဒါ့အပြင် တိုက်ပွဲကာလကြာရှင်ပြီး အကြပ်အတည်းတွေကို အချိန်မီ မဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံက အလုံးစုံပျက်သဉ်းရေးကို ရောက်ရှိသွားနိုင်ကြောင်းလည်း ပြောဆိုထားပါတယ်။ 

KIO ဗဟိုကော်မတီက ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံပေါ်ထွန်းရေးအတွက် လက်တွဲဆောင်ရွက်လို့၇ မယ့် အဖွဲ့အစည်းတွေအားလုံးနဲ့ အတူတကွယ် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းထားပါတယ်။​

မြန်မာနိုင်ငံရဲ့ လက်ရှိအခက်အခဲတွေကို ဖြေရှင်းဖို့ အာရုံစိုက်ကြိုးပမ်းနေကြတဲ့ တရုတ် ၊ အိန္ဒိယ ၊ အာဆီယံ နဲ့ ယူအန် တို့ကိုလည်း ကြိုဆိုကြောင်းပြောဆိုထားပါတယ်။ 

KIO  ရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ KIA နဲ့ စစ်ကောင်စီတပ်တို့ကြား တရုတ်နယ်စပ်ဒေသမှာ မဖြစ်ပွားခဲ့တာ လနဲ့ချီ ကြာမြင့်နေပြီဖြစ်ပါတယ်။ 

သို့ပေမယ့်လည်း ကချင် နဲ့ စစ်ကိုင်းနယ်စပ်တွေမှာ KIA နဲ့ PDF တို့ ပူးပေါင်းပြီး တော့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်မှုတွေက နေ့စဉ်နီးပါးဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ 

ကိုးကန့်တပ်မတော် နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေကတော့ လက်ရှိအချိန်ထိ တရုတ်နယ်စပ်ဒေသမှာ ဖြစ်ပွားနေသေးတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *