တာမခံကျေးရွာတွင် မီးလောင်မှုကြောင့် နေအိမ် (၇)လုံးပျက်ဆီးဆုံးရှုံး

ဖားကန့်မြို့နယ် တာမခံကျေးရွာ   ရပ်ကွက်(၂) တွင် ဧပြီလ (၁) ရက်နေ့ နေ့လည်ပိုင်းက မီးလောင်မှုကြောင့် နေအိမ် (၇) လုံးပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။ 

“ ၂ နာရီခွဲမှာ မီးလောင်တယ် ၊ ၃ နာရီခွဲမှာ မီးညွှန့်ကျိုးတယ်။ မီးသတ်ကားသုံးစီးနဲ့ငြိမ်းတယ် ၊ ဟောင်းပါးပါမယ်။  နတ်ရေတောင် ၊ တာမခံပါမယ်ဗျ။” ဟု ရပ်ကွက်(၂) ရပ်ကွက်မှူး ကိုမျိုးမင်းဦးက ရှမ်းနီအသံကို ပြောသည်။ 

ထိုမီးလောင်မှုကို ကြက်ခြေနီများ  ၊ နာမှုကူညီရေးအသင်းသားများ နှင့် ပတ်ဝန်းကျင်မှ ကျေးရွာသားများ ဝိုင်းဝန်းကူညီငြိမ်းသတ်ခဲ့ကြပြီး ညနေ ၄ နာရီခွဲတွင် မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု တာမခံကြက်ခြေနီအသင်းကပြောဆိုသည်။ 

ထိုမီးလောင်မှုကြောင့် နေအိမ်(၅)လုံးမှ လုံးဝမီးလောင်သွားခဲ့ပြီး နေအိမ် (၂)လုံး  မီးကူးပြီးပျက်ဆီးခဲ့သည်။ 

စတင်လောင်ကျွမ်းသည့် နေအိမ်မှ ထွက်ဆိုချက်အရ လျှပ်စစ်ရှော့ဖြစ်ပြီးမီးလောင်ရခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။ 

ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးသည် သိန်း(၉၀)ကျပ်ဖြစ်ပြီး သွပ်မိုးထရံကာအိမ်များဖြစ်သည်ဟုဆိုသည်။ 

ထိုမီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် မိသားစုများမှာ အကူအညီလိုအပ်နေကြောင်း မေတ္တာနာရေးကူညီမှုအသင်း (တာမခံ) က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ 

တာမခံကျေးရွာတွင် ၂၀၀၃-၂၀၀၄ ခုနှစ်တွင် တစ်ကြိမ်မီးလောင်ခဲ့ဖူးသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *