တာမခံမြို့သစ်အတွင်း Covid19 ကူးစက်မှုမြင့်မားနေပြီး ကျန်းမာရေးဝန်ထမ်းများလည်းမရှိ

ဇူလိုင် ၂၁ ၊ တာမခံ 

ဖားကန့်မြို့နယ် တာမခံကျေးရွာအတွင်း Covid19 ကူးစက်မှုမြင့်မားနေပြီး ကျန်းမာရေးဝန်ထမ်းများလည်း မရှိကြောင်း သိရသည် ။

“ ၆၀ လောက်ရှိတယ် ။သေတာက ၁၂ယောက်လောက်ရှိတယ်။ ဒီနေ့လည်း ၂ယောက်ရှော(သေ) တယ် ။တော် တော်ဆိုးတဲ့အထဲမှာပါတယ်” ဟု ဒေသခံတစ်ဦးကရှမ်းနီအသံကိုပြောသည်။​ 

Covid19ရောဂါတားဆီးကာကွယ် ရေး နှင့် စစ်ဆေးမှုများကို မေတ္တာနာရေးကူညီမှုအသင်း နှင့် ဒေသခံကြက် ခြေနီများကဆောင်ရွက် ပေးလျက်ရှိနေသည်။ 

တာမခံတွင်ဆေးခန်းများ နှင့် ဆေးဆိုင်များလည်း ပိတ်ထားကြကြောင်း သိရသည်။ 

“ အခုက မိုးလည်းရွာတော့ နည်းနည်းလည်းစိုစွတ်ပြီးတော့ အဖျားထိမှာလည်းစိုးရိမ်ရတယ် အဖျားထိလို့ ပရာစီတမောလေးသောက်ချင်ရင်တောင်ဆေးဝယ်ဖို့ခက်ခဲတယ် ဆေးခန်းကလည်း မဖွင့်ဘူးကွာ” ဟု ဒေသခံ ကိုကျောက်ဒိုင်က ဆိုသည်။ 

Covid19 ကူးစက်ခံရသူများတွင်လည်း  ကြက်ခြေနီများလည်းပါဝင်ကြောင်း သိရသည်။ 

ဖားကန့်မြို့နယ်ကို Stay at Home အစီအစဉ်၌​ပါဝင်ကြကြောင်း ဇူလိုင်လ ၂၀ ရက်နေ့ညတွင် စစ်ကောင်စီက ကြေညာခဲ့သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *