
မေး။ ။ တိုင်းခမ်းတီကောလိပ်ကျောင်းတည်ဆောက်ဖို့အတွက်ဘယ်အချိန်လောက်ကိုခန့်မှန်းထားသလဲခင်ဗျာ။
ဖြေ။ ။ တည်ဆောက်ရေးကဏ္ဍကို အတိိအကျကျွန်တော်တို့ Master Plan က တိတိကျကျသတ်မှတ်လို့မရဘူးဖြစ်နေတယ်။ နိုင်ငံရေးကောင်းရင်တော့ကျွန်တော်တို့ ကျွန်တော်တို့ ဒီ Master plan အတိုင်းသွားလို့ရတယ်။နိုင်ငံရေးနဲ့ကပ်ဘေးရောဂါဖြစ်လာတော့ ကျွန်တော်တို့ ဒီဆွေးနွေးပွဲတွေ၊ ဖိုရမ်တွေနိုင်ဘူးဖြစ်နေတယ်။ ဒါပေမယ့်အကြို ဦးဆောင်ပေးတာကျတော့ ဆရာတော်ဒေါက်တာဓမ္မဆာမိ နဲ့ ဆရာတော်စဝ်စုခမ်းတို့ သူတို့ရဲ့အကူအညီနဲ့ သူတို့ရဲ့ ဦးဆောင်မှုအောက်မှာကျွန်တော်တို့ ဒီတစ်မျိုးသားလုံးသွားနေတယ်။ အခုလောလောဆယ်တော့ ကျွန်တော်တို့ လိုအပ်တဲ့အထောက်အထား၊ Documantary၊ သင်ရိုးညွှန်းတမ်းဆိုင်ရာတွေကိုအဓိကထားတယ်။ တည်ဆောက်ရေးဆိုတာကျတော့ တော်တော်ကြီးကိုသွားရမယ်။ ဒါပေမယ့်ကျွန်တော်တို့ ဒီတည်ဆောက်တဲ့ဟာကလည်း အဲ့လောက်သွားမှာမဟုတ်ဘူးဝါးတဲနဲ့ဖြစ်ဖြစ် လည်ပတ်ပြီးတော့မှ သင်ကြားနိုင်ဖို့အတွက်ကို အဓိကထားမှာ ။ အဲ့လိုစသွားမယ်။ အဲ့လိိုအဆောက်အဦးကောင်းကောင်းက မလွယ်ဘူး။ လူထုပါဝင်မှုအပေါ်ရယ် ၊အိန္ဒိယ အမျိုးတွေရဲ့ပါဝင်မှုအပေါ် ၊ ပြီးတော့မှနိုင်ငံရေးအခြေအနေတွေအပေါ်လည်း မူတည်တာပေါ့။
မေး။ ။ အခု ကောလိပ်တစ်ခုတည်ဆောက်ဖို့အတွက် ဘယ်လိုအခက်အခဲတွေ စိန်ခေါ်မှုတွေရှိနေသလဲ။
ဖြေ။ ။ စိန်ခေါ်မှုတွေကတော့ များတယ်၊တော်တော်များတယ်။ ဒါကိုဖြစ်ဖို့အတွက် အခုမှ အခုမဟုတ်ပါဘူး။ ကြာလှပါပြီ။
အဓိက အခက်အခဲအကြီးဆုံးတော့ လူသားအရင်းအမြစ်ပဲ။ လူသားတအားနည်းတယ်။ ပူတာအိုမှာ လေးထောင့်တစ်ရာပဲရှိတယ်။ ဒီဘက်မှာ ငါးထောင်ကျော်ပဲရှိတယ်ဆိုတော့ ပရိဟိတလုပ်ငန်း ကိုယ့်အမျိုးသားရေးအတွက်လုပ်မယ်ဆိုတော့ ကိုယ်ကျိုးစွန့်လုပ်နိုင်မယ့်သူက တအားရှားတယ်။ ဒါကြောင့်မို့ကျွန်တော်တို့က သံဃာအဖွဲ့အစည်းတွေနဲ့အတူ အလုပ်လုပ်ရတယ်။ သံဃာကျတော့ ဘာသာရေးအပိုင်းနဲ့ ဒီတစ်ပိုင်းလည်းအရေးကြီးတယ်ဆိုတဲ့အခါကျတော့ အမျိုးသားရေးအပိုင်းမှာလည်းဖြည့်ပေးနိုင်တယ်ပေါ့၊ အခုလောလောဆယ်လည်း တောင်ကြီးမှာ ဆရာတော်စဝ်စုခမ်းတို့၊ ဆရာတော်ဒေါက်တာဓမ္မဆာမိတို့လုပ်နေတဲ့ ပုံစံမျိုးပေါ့နော် အဲ့လိုမျိုးပေါ့၊ စိန်ခေါ်မှုကတော့ လူအရင်းအမြစ်ရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့က လူဦးရေနည်းတဲ့အတွက် ဘတ်ဂျက်ပိုင်းလည်းတော်တော်လေးခက်ခဲလိမ့်မယ်။ ဒါပေမယ့် ဒါကိုရှမ်းမျိုးနွယ်စုတစ်ခုလုံးအနေနဲ့ သံဃာ့အဖွဲ့အစည်းတွေနဲ့ အာသံမှာရှိတဲ့ ၊ အရူနာချာမှာရှိတဲ့ ကျွန်တော်တို့အမျိုးတွေ လုပ်ရင်တော့ဖြစ်နိုင်တာပေါ့၊ နံပါတ်တစ်ကတော့ HRလူသားအရင်းအမြစ်အဲ့တာပိုခက်ပါလိမ့်မယ်။ နောက်တစ်ခုက ဘတ်ဂျက်အပိုင်းပေါ့နော်၊ နောက်တစ်ခုက နိုင်ငံရေးမတည်ငြိမ်မှုဖြစ်လိမ့်မယ်။ ဒါပေမယ့်ကျွန်တော်တို့ ပူတာအိုဒေသက အဲ့လိုဆိုးတဲ့ဒေသမဟုတ်တဲ့အတွက် အဲ့လေက်ထိတော့စိုးရိမ်စရာမလိုဘူးပေါ့၊ ဒါပေမယ့် ဒီနိုင်ငံရေးက အားလုံးနဲ့ ပတ်သက်နေတဲ့အတွက်ကြောင့်မို့ ဒါလည်း စိန်ခေါ်မှုကြီးတစ်ခုဖြစ်တယ်။
မေး။ ။ ထပ်ဖြည့်စွက်ပြောချင်တာများရှိပါသေးလားခင်ဗျာ့။
ဖြေ။ ။ ထပ်ဖြည့်ချင်တာကတော့ မျိုးဆက်သစ်တွေစိတ်ပါဝင်စားဖို့လိုတယ်။နောက် ရှမ်းမျိုးနွယ်စုတော်တော်များများကလည်း ဒီဘက်ကို စဉ်းစားပေးဖို့ပေါ့နော် သူ့ဟာနဲ့သူရှိသင့်တယ်လို့မြင်တယ်။ ပြီးတော့မှ အပြန်အလှန်ချိတ်ဆက်ပြီးတော့မှ ကူညီတဲ့ဟာမျိုးတွေ မျိုးနွယ်စုတူပဲ ရှမ်းမျိုးနွယ်တွေပဲအဲ့လိုမျိုးတွေ ထပ်ပြီးမှ အားကောင်းကောင်းနဲ့ ဆက်သွားဖို့လိုတာပေါ့နော်၊ နိုင်ငံရေးကောင်းဖို့လည်းလိုအပ်ပါတယ်။ အဲ့တာမှလည်း နိုင်ငံတော်ရဲ့ ပေါ်လစီနဲ့ ကူညီပေးတဲ့ဟာမျိုးတွေရှိမှလဲ တိုးတက်မှာဖြစ်တဲ့အတွက် ဒါနိုင်ငံရေး မကောင်းတဲ့အခါကျတော့ နိုင်ငံရေးအမြန်ဆုံးပြန်ကောင်းဖို့တော့လိုတာပေါ့နော်။
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။