တိုင်းရင်းသားစာပေသင်ကြားသည့်ဆရာ/မများကိုနေ့တွက်လစာတိုးပေးမည်

နိုဝင်ဘာ ၉ ၊​  မုံရွာ 

တိုင်းရင်းသား စာပေသင်ကြားသည့် ဆရာ/မများ၏ နေ့တွက်လစာများကို အောက်တိုဘာလမှ စတင်ပြီး တိုးမြှင့်ပေးမည်ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနက သိရသည်။​

တိုင်းရင်းသားစာပေ သင်ကြားရေးအထောက်အကူပြု  ဆရာ/မများ (TA) ကို တစ်ဦးလျှင် တစ်သိန်းသုံးသောင်းကျပ်နှင့် တိုင်းရင်းသားစာပေသင် ဆရာ/မ (LA) များကို တစ်လခြောက်သောင်းကျပ် တို့ တိုးမြှင့်ပေးကြောင်း သိရသည်။ 

TA ဆရာ/မများသည် နေ့စားလပေးစနစ်ဖြင့်  တစ်လ ခုနှစ်သောင်းကျပ်ရပြီး  LA များက တစ်လသုံးသောင်းကျပ်ရရှိခြင်းဖြစ်သည်။ 

စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားစာပေသင်ကြားသည့် TA နှင့် LA များသည် ကျောင်းဖွင့်ခဲ့သည့် တစ်လအတွက်သာ လစာများရရှိခဲ့ပြီး ကျန်သည့်လများ လစာငွေမရရှိကြောင်း ပြောဆိုကြသည်။​

အရပ်သာအစိုးရလက်ထပ်က Covid19 ကြောင့် ကျောင်းများပိတ်ထားသော်လည်း တိုင်းရင်းသားစာပေ သင်ကြားသည့် ဆရာ/မများ လစာငွေရရှိခဲ့ကြောင်း သိရသည်။ 

လစာတိုးမည့် ကိစ္စနှင့် ပတ်သက်ပြီး တိုင်းရင်းသားစာပေ သင်ကြားသည့် ဆရာ/မ များက စိတ်ဝင်စားမှု အားနည်းနေပြီး ကျောင်းများပြန်ဖွင့်လျှင်လည်း သင်ကြားနိုင်ရန်အတွက်လည်း ခက်ခဲမှုရှိနေကြောင်း ဆက်သွယ်မေးမြန်းမှုများအရသိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *