တိုင်းရင်းသားဘာသာသင် ဆရာ/မတွေကို အမြဲတမ်းဝန်ထမ်း အဖြစ်ခန့်အပ်ရေး  မူလတန်းဆရာအတတ်သင်ပြီးမှ ခန့်အပ်မယ်လို့ဆို 

တိုင်းရင်းသားဘာသာသင် ဆရာ/မ TA (ရှမ်းနီ) တွေ့ရစဉ်

ဖေဖော်ဝါရီ ၁၇ ၊ ဟုမ္မလင်း

တိုင်းရင်းသားဘာသာသင်တဲ့ ဆရာ/မ  Teacher Assistant (TA) တွေကို အမြဲတမ်းဝန်ထမ်းအဖြစ် အတည်ပြုခန့်အပ်ရေးအတွက် ပညာရေးဒီဂရီကောလိပ် ဒါမှမဟုတ် တက္ကသိုလ်တွေကနေ ဖွင့်လှစ်တဲ့ မူလတန်းဆရာအတတ်သင် အောင်မှ ခန့်အပ်မယ်လို့ ဆိုလာပါတယ်။ 

ဒီလို ညွှန်ကြားစာကို တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနက မနေ့ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ရက်စွဲနဲ့  စစ်ကိုင်းတိုင်းဒေသကြီးထဲက တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုကော်မတီတွေဆီကို ပေးပို့ခဲ့ပါတယ်။ 

ရှမ်းနီတိုင်းရင်းသား Teacher Assitant (TA) တွေက ပညာရေး ဒီဂရီကောလိပ် နဲ့ တက္ကသိုလ်တွေမှာ  တက်ရောက်နေသူ ၁၀ လောက်တောင် ဦးထက်ပင်နည်းကြောင်း သိရပါတယ်။​

“ ဘယ်အစိုးရတက်တက်တိုင်းရင်းသားတွေကိုစေတနာမရှိဘူးဆိုတာအမျိုးသားရေးလုပ်နေတဲ့သူတွေပိုသိပါတယ်” လို့ အမည်မဖော်လိုတဲ့ ရှမ်းနီစာပေအရေးလုပ်ဆောင်နေသူတစ်ဦးက ဆိုပါတယ်။ 

ဒီလိုအတည်ပြုခန့်အပ်ရေးကိစ္စက NLD. အရပ်သားအစိုးရလက်ထက်ကတည်းက လုပ်ဆောင်မှုတွေရှိခဲသလို စစ်ကောင်စီ ကလည်း လိုက်လုပ်ပေမယ့် ညွှန်ကြားစာတွေသာ ထွက်လာပြီး လက်တွေ့မဖြစ်လာခဲ့ကြောင်းသိရပါတယ်။ 

လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီးထဲက တိုင်းရင်းသားဘာသာသင်ကြားနေရတဲ့ ဆရာ/မတချို့က လစာကို ဒီနေ့ အချိန်ထိ မရသေးသူတွေများစွာရှိနေဆဲဖြစ်ပါတယ်။ 

တိုင်းရင်းသားဘာသာဆရာ/မ LT  တွေ ကို လစာထုတ်ပေးဖို့အတွက် စစ်ကောင်စီဘက်က ထောက်ခံချက်မျိုးစုံကိုလည်း တောင်းခံနေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *