ထမံသီဘေးမဲ့တောဧရိယာအတွင်းသဘာဝပတ်ဝန်းကျင်ပျက်စီးမယ့်လုပ်ငန်းအားလုံးကို SNA ပိတ်ထား

ဇူလိုင်ထမံသီ

ဟုမ္မလင်းမြို့နယ်မှာရှိတဲ့ ထမံသီဘေးမဲ့တော ဧရိယာအတွင်းမှာ သဘာဝပတ်ဝန်းကျင်ပျက်စီးမယ့် လုပ်ငန်းတွေဖြစ်တဲ့ ရွှေတူးဖော်ခြင်း ၊ သစ်ထုတ်လုပ်ခြင်း အပါအဝင် လုပ်ငန်းအားလုံးကို ရှမ်းနီအမျိုးသားများတပ်မတော် SNA က ပိတ်ထားတယ်လို့ သိရပါတယ်။ 

“  ချင်းတွင်းမြစ်အထက်ပိုင်းမှာဆိုလို့ရင် ထမံသီတောဆိုတာရှိပါတယ်။  ထမံသီဘေးမဲ့တောဧရိယာအတွင်းမှာ  ရွှေလုပ်ငန်းပဲဖြစ်ပါစေ၊ သစ်လုပ်ငန်းပဲဖြစ်ပါစေ သစ်တောနဲ့ ပတ်သက်တဲ့ သစ်လုပ်ငန်းပဲဖြစ်ပါစေ လုံးဝပိတ်ပင်တားမြစ်ထားပါတယ်။ ဒီနေရာတွေကို ကျွန်တော်တို့တွေအနေနဲ့ ထိခိုက်ခံလို့မရဘူး” လို့ SNA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက ပြောပါတယ်။​

အာဏာသိမ်းပြီးတဲ့နောက် ထမံသီဘေးမဲ့တောနဲ့ အနီးတဝိုက်မှာ ရွှေမျှောတူးဖော်မှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။ 

၂၀၂၁ ခုနှစ် မေနဲ့ ဇူလိုင်လတွေမှာ တူးဖော်မှုတွေရှိခဲ့ပြီးနောက် SNA က အဲ့ဒီအနီးတဝိုက်ရွှေတူးဖော်မှုတွေကို ပြန်ပိတ်ခဲ့တယ်လို့လည်း သိရပါတယ်။ 

ထမံသီဘေးမဲ့တောက ၁၉၇၄ ခုနှစ်မှာ စတင်တည်ထောင်ခဲပြီး အကျယ်အဝန်း ၂၁၉၀ စတုရန်းကီလိုတာကျယ်ဝန်းပါတယ်။ 

ထမံသီဘေးမဲ့တောက၂၀၁၉ ခုနှစ်မှာ အာဆီယံအမွေအနှစ်ဥယာဉ်အဖြစ်လည်း သတ်မှတ်ထားခဲ့ပါတယ်။ 

ရှမ်းနီတိုင်းရင်းသားတို့ရဲ့ အမွေအနှစ်ဖြစ်တဲ့အပြင် မြန်မာနိုင်ငံအတွက် တန်ဖိုးဖြတ်မရနိုင်တဲ့ ရှားပါးတောရိုင်းတိရိစ္ဆာန်တွေကျင်လည်ကျက်စားရာ ဥယာဉ်တစ်ခုလည်း ဖြစ်ပါတယ်။ 

ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောထဲမှာ ရှားပါးတိရိစ္ဆာန်တွေလည်းနေထိုင်ကျက်စားကြသလို အာရှဆင် ၊ ကျား ၊ မျောက်လွဲကျော်မျက်ခုံးဖြူ တို့က နေထိုင်ကျက်စားရာဒေသခတစ်ခုလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *