အောက်တိုဘာ ၁၂ ၊ထီးချိုင့်
ထီးချိုင့်မြို့နယ်ရှိ လေသာကျေးရွာ နှင့် အလယ်တောစံပြကျေးရွာတွင် ဒေသခံ PDF နှင့် စစ်ကောင်စီ တို့၏ အောက်တိုဘာလ (၁၀)ရက်နေ့ တိုက်ပွဲဖြစ်ပွားအတွင်း ရှမ်းနီကျောင်းဆရာတစ်ဦး သေဆုံးခဲ့ကြောင်း ၎င်း၏ မိတ်ဆွေများထံမှ သိရသည်။
“ သူသေသွားတာ ငါတို့ ရှမ်းနီအရေးနဲ့ပတ်သက်လာရင် ဆုံးရှုံးမှုတော်တော်ကြီးမားတယ် ၊ ထီးချိုင့်မှာ သူ့ကို အားကိုးအရဆုံးပဲ၊ ရှမ်းနီအရေးနဲ့ပတ်သက်ရင် အလုပ်ကိုတောင် ပစ်ထားပြီးလုပ်ကူပေးတဲ့သူ ၊ လောလောဆယ်တော့ သူ့လိုလူရှာလို့ရမှာမဟုတ်သေးဘူး” ဟု ထီးချိုင့်မြို့နယ်မှ ရှမ်းနီတိုင်းရင်းသားတစ်ဦးကဆိုသည်။
ရှမ်းနီကျောင်းဆရာ ကျော်မျိုးလွင်(ခ) မောင်ကျော်သည် အစိုးရခန့်အပ်ထားသည့် နေ့စားလပေး TA ကျောင်းဆရာတစ်ဦးလည်းဖြစ်သည်။
၎င်းသည် ဒေသခံ PDF တစ်ဦးဖြစ်ကာ ၎င်းကို တိုက်ပွဲပြီးဆုံးပြီး အောက်တိုဘာလ (၁၁) ရက်နေ့မှသာ လေသာကျေးရွာအနီးတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၁၀ ရက်နေ့ တိုက်ပွဲအတွင်း ဒေသခံ PDF (၄)ဦးသေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုမှုအရသိရသည်။