ဒေါ်လာစျေးမြင့်တက်မှုကြောင့်  ရော်ဘာစျေးနှုန်းများမြင့်တက်

ဇွန် ၂၆ ၊ ဟုမ္မလင်း 

မြန်မာနိုင်ငံအတွင်း ဒေါ်လာစျေးနှုန်းမြင့်တက်လာမှုကြောင့် ရော်ဘာစျေးနှုန်းတွေလည်း မြင့်တက်လာနေတယ်လို့ ရော်ဘာစိုက်ပျိုးရောင်းဝယ်သူတွေဆီကနေ စုံစမ်းသိရပါတယ်။

“ ရော်ဘာစျေးတက်တာပါ့အေး ၊​ဒေါ်လာစျေးတက်တော့ ရော်ဘာစျေးတက်တာပေါ့လေ။ ဒေါ်လာစျေး၊ ယွမ်စျေးပေါ်မှာလည်းမူတယ်။ အဓိကတော့ တရုတ်ကို အားထားရောင်းတဲ့အတွက် တရုတ်ဘက် စျေးကွက်ရှိဖို့လိုတာပေါ့လေ။” လို့ ဟုမ္မလင်းမြို့နယ်ရှိ ရော်ဘာစိုက်ပျိုးရောင်းဝယ်သူ တစ်ဦးက ပြောပြပါတယ်။ 

စျေးကွက်အတွင်းမှာ တစ်ကီလိုကို ၁.၈ ဒေါ်လာ ( မြန်မာငွေ ငါးထောင်ကျော်) ရှိပြီး  ရော်ဘာတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၆၅၀ ရှိတယ်လို့  စစ်ကောင်စီရဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလကအရ သိရပါတယ်။ 

ပြီးခဲ့တဲ့ မေလအတွင်းမှာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ တစ်ဆင့် တရုတ်နိုင်ငံကို တန်ချိန် ၁၈၁၀ နှင့် ထိုင်းနိုင်ငံသို့ တန်ချိန် ၁၅၂၀၊ စုစုပေါင်း ရော်ဘာတန်ချိန် ၃၃၃၀ တင်ပို့ရောင်းချခဲ့တယ်ဆိုပါတယ်။ 

မြန်မာ့ ရော်ဘာတွေကို  တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ တောင်ကိုရီးယားနှင့် တရုတ် (တိုင်ပေ)နိုင်ငံများသို့ အဓိကတင်ပို့ရောင်းချတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *