ဒေါ်အောင်ဆန်းစုကြည်နှင့်စီးပွားရေးအကြံပေးမစ္စတာရှောင်တာနယ်တို့ထောင်ဒဏ်၃နှစ်စီချမှတ်ခံရ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ် Photo / internet

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်တို့ကို စစ်ကောင်စီက စက်တင်ဘာလ ၂၉ ရက်နေ့မှာ နေပြည်တော် အထူးတရားရုံးကနေ ထောင်ဒဏ်သုံးနှစ်စီချမှတ်လိုက်ပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီး  မစ္စတာရှောင်တာနယ်ကို ဖမ်းဆီးကာ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ ပုဒ်မ ၃ (၁) ဂ နဲ့ ထောင်သုံးနှစ်စီ ချမှတ်လိုက်တာလည်းဖြစ်ပါတယ်။  

သူတို့နှစ်ဦးနဲ့အတူ ဖမ်းဆီးတရားစွဲဆိုခံရတဲ့ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်း ၊ ဦးကျော်ဝင်း နဲ့ ဒုဝန်ကြီးဟောင်း ဦးဆက်အောင်တို့ကိုလည်း ထောင်ဒဏ်သုံးနှစ်စီချမှတ်လိုက်တာလို့  တရားရုံးနဲ့ နီးစပ်သူတွေက ဆိုပါတယ်။ 

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအထိ အမှု ၁၂ ခုအတွက် ထောင်ဒဏ် ၂၃ နှစ်ထိချတ်ခံထားရပြီး  ကျန်ရှိတဲ့ အဂတိမှု ၊​ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အမှုတွေကိုဆက်လက်ရင်ဆိုင်ရဖို့ရှိနေပါတယ်။ 

မစ္စတာ ရှောင်တာနယ်ကလည်း လူဝင်မှုကြီးကြပ်ရေး ဥပဒေဖောက်ဖျက်မှုနဲ့ တရားဆက်လက်ရင်ဆိုင်ရဖို့ရှိနေပါသေးတယ်။ 

ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်ဟာ ဆစ်ဒနီမက်ကွိုင်းယား တက္ကသိုလ်မှာ စီးပွားရေးပါမောက္ခတစ်ဦးဖြစ်ပြီး NLD   အရပ်သားအစိုးရလက်ထပ် ၂၀၁၇ ခုနှစ်မှာ စီးပွားရေးအကြံပေးအဖြစ် အလုပ်စတင်လုပ်ခဲ့တာလည်းဖြစ်ပါတယ်။ 

သူ့ကို မိခင်ဩစတြေးလျနိုင်ငံ ကာကွယ်ရေးဌာနကဘက်ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို တိုက်ရိုက်နှစ်ကြိမ်တိုင်တောင်းဆိုပေမယ့် စစ်ကောင်စီက လိုက်လျောခြင်းမရှိဘဲ တရားဆက်လက်စွဲဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *