နမ့်တောစံပြကျေးရွာရှိ Covid 19 စောင့်ကြည့်ခံသူတချို့ မူးယစ်သောင်းကျန်းခဲ့မှုကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့် အရေးယူမည်

နမ့်တောစံပြကျေးရွာရှိ Quarantine Center ကိုတွေ့ရစဉ်

ဟုမ္မလင်းမြို့နယ် နမ့်တောစံပြကျေးရွာ အထကစာသင်ကျောင်းတွင်ရှိသည့် Covid 19 Quarantine Center တွင် မူးယစ်သောင်းကျန်းခဲ့သူများကို ဒု-မြို့နယ် အုပ်ချုပ်ရေးမှူးက သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနှင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ 

ထို Quarantine Center တွင် မေလ ၁၃ရက်နေ့လည်ပိုင်းက အရက်မူးကာခြိမ်းခြောက်ပြောဆိုခဲ့သော အောင်ကြည်ဝင်း၊ရဲမင်းနိုင်တို့အပါအဝင် အရက်အတူသောက်ခဲ့သူများအားလုံး(၉)ဦးအားအရေးယူဆောင်ရွ က်ရန် ဟုမ္မလင်းမြို့နယ်ရဲစခန်းသို့ ပို့ထားကြောင်း နမ့်တောစံပြကျေးရွာ အုပ်ချုပ်ရေးမှူးဦးသန်းထိုက်က ရှမ်းနီအသံဂျာနယ်ကိုပြောသည်။

” ဆူသံကြားလို့ အစောင့်ကျတဲ့ ရာအိမ်မှုးကသွားကြည့်တယ်။သူကထိန်းမနိုင်တဲ့အခါကျတော့ ဖုန်းဆက်ခဲ့တာပေါ့ အဲဒါနဲ့ စခန်းမှူးခေါ်၊ဆရာဝန်ခေါ်ပြီးတော့မှ သွားကြတယ်။ ပထမဦးဆုံးကတော့ နှစ်ယောက်ထဲပဲပြန်ပြီးကလန်ကဆန် သတ်ပစ်မယ်မင်းတို့ ငါ့အဖေကိုဆဲတာနဲ့ဆိုတော့ တစ်ယောက်မှသူ့အဖေကိုမဆဲဘူး”ဟု နမ့်တောအုပ်ချုပ်ရေးမှူးကပြောသည်။

ထိုစည်းကမ်းချိုးဖောက်သူများကို တရားစွဲဆိုရန် မေလ ၁၄ ရက်နေ့ တွင် ဟုမ္မလင်းမြို့နယ် ပြည့်သူကျန်းမာရေးဦးစီးဌာနမှူးက တရားရုံးကို ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် ဦးတိုက်လျှောက်ထားခဲ့သော်လည်း ပယ်ခဲ့ခြင်းခံခဲ့ရကြောင်း ဒေါက်တာဝင်းနိုင်ထွန်းက ဆိုသည်။

 ဟုမ္မလင်းမြို့နယ် နမ့်တောစံပြကျေးရွာ Quarantine Center တွင် စောင့်ကြည်လူနာ စုစုပေါင်း (၃၁) ဦးရှိကြောင်းသိရသည်

အိုက်ပု

Leave a Reply

Your email address will not be published. Required fields are marked *