နိုင်ငံတကာ မြန်မာ့သတင်း BNI တည်ထောင်သူတွေထဲမှာ ပါဝင်သူ ဝါရင့်ချင်းသတင်းအယ်ဒီတာ ပူးတွီဒင်း သေဆုံးမှု BNI သတင်းထုတ်ပြန်ကြေညာချက်

ချင်းဝါရင့်သတင်းအယ်ဒီတာ ဦးပူသွီးဒင်း

ဇန်နဝါရီ ၁၃ ၊ မဲဆောက် 

နိုင်ငံတကာ မြန်မာ့သတင်း BNI ကို စတင်တည်ထောင်စဉ်က ပါဝင်ခဲ့သူ ဝါ့ရင်ချင်းသတင်းအယ်ဒီတာ ပူးတွီးဒင်း သေဆုံးမှုကို BNI က ကြေညာချက်တစ်စောင် ဒီနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။​

အယ်ဒီတာ ပူးတွီးဒင်းအပါအဝင် အရပ်သား (၁၁)ဦးကို စစ်ကောင်စီက ချင်းပြည်နယ် မတူပီမြို့နယ် ကီးလုန်း နဲ့ လုံလှောကျေးရွာကြား မတူပီ- ဟားခါးလမ်းပေါ်မှာ ဖမ်းဆီးကာ စစ်မြေပြင်ကို လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားပြီးတဲ့နောက် သတ်ဖြတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။​

  BNI စတင်တည်ထောင်စဉ် ကတည်းက  ချင်းသတင်းဌာန  ခေါနူမ်သုန်သတင်းဌာနကိုယ်စားပြုအဖြစ် ဦးပူးတွီးဒင်းက ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။​

ဦးပူးတွီးဒင်းသေဆုံးမှုက တိုင်းရင်းသား မီဒီယာများအတွက် နဲ့  တစ်နိုင်ငံလုံးရဲ့ မီဒီယာအသိုင်းအဝိုင်းအတွက်ပါ ဆုံးရှုံးမှုဖြစ်ကြောင်း  BNI  က ပြောဆိုထားပါတယ်။ 

စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေကို BNI က ပြင်းပြင်းထန်ထန်ရှုတ်ချထားပြီး ဥပဒေမဲ့ တရားလက်လွှတ် သတ်ဖြတ်မှုကျုူးလွန်သူတွေကို နိုင်ငံတကာ လူ့အခွ၍့်အရေးစံနှုန်းတွေနဲ့ အရေးယူပေးဖို့လည်း နိုင်ငံတကာ အသိုင်းအဝိုင်းထံ BNI က တောင်းဆိုထားပါတယ်။​

စစ်အာဏာသိမ်းပြီးနောက် သတင်းသများ ဆယ့်နှင့်ချီ ဖမ်းဆီးခံထားရပြီး  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အတွင်း (၂) ဦးသေဆုံးထား ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ (၁) ဦးသေဆုံးခဲ့တာလည်းဖြစ်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *