နိုင်ငံတော်အတိုင်ပင်ခံခရီးစဉ်နှင့်သူမ၏ ကတိကဝတ်အပေါ် ရှမ်းနီပြည်သူတို့၏ သဘောထားအမြင်များ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်သည်လွန်ခဲ့တဲ့ရက် ပိုင်းက ရှမ်းနီလူမျိုးတို့၏အခြေခံမြို့များ တွင်ပါဝင်သောဟုမ္မလင်း၊ခန္တီးနှင့်ခေတ် အဆက်ဆက်နိုင်ငံရေးခေါင်းဆောင်များ သွားလေ့မရှိသောပင်လည်ဘူးမြို့သို့သွား ရောက်ခဲ့သည်ကိုတွေ့ရသည်။ထိုသို့သွား ရောက်ခြင်းသည်လူထုတွေ့ဆုံပွဲဟုခေါင်း စဉ်တပ်သော်လည်းသူမသာမိန့်ခွန်းပြော ကြားသွားပြီးပြည်သူလူထုအချို့မေးမြန်း လိုသောမေးခွန်းများမေးမြန်းခွင့်မရခဲ့ကြ ကြောင်းကြားသိရသဖြင့်ပြည်သူလူထုအ သံနားထောင်လိုသည်ထက်ပါတီစည်းရုံး ရေးဆန်သော ခရီးစဉ်တစ်ခုအဖြစ်ပြည် သူလူထုကြားတွင်ဝေဖန်မှုအချို့ရှိနေပါ သည်။ အဘယ်ကြောင့်ဆိုသောမကြာသော လအနည်းငယ်အတွင်းမှာ၂၀၂၀ရွေး ကောက်ပွဲပြုလုပ်ကျင်းပရန်ရှိနေခြင်း ကြောင့်ဖြစ်သည်။ထိုသို့ပါတီစည်းရုံးရေး ဆန်ဆန်သူမ၏ခရီးစဉ်သည်ရှမ်းနီပြည် သူလူထုကြားသူမ၏၂၀၁၅ရွေးကောက်ပွဲ ကချင်ပြည်နယ်စည်းရုံးရေးခရီးစဉ်နှင့်အ တော်ပင်ဆင်တူနေကြောင်းဝေဖန်ပြောဆို နေသူများလည်းရှိနေသည်။ ၂၀၁၅ခုနှစ်ကချင်ပြည်နယ်ပါတီ စည်းရုံးရေးခရီးစဉ်အတွင်းမိုးညှင်းမြို့ ဟောပြောပွဲတွင်ရှမ်းနီလူမျိုးတွေကိုလည်း မမေ့ပါဘူးဟုပြောခဲ့သည့်စကားရပ်သည် ရှမ်းနီလူမျိုးအများစု၏မျှော်လင့်ချက် ကို ကြီးမားစေခဲ့သည်။သို့ရာတွင်အမှန်တ ကယ်လေးနှစ်သာကာလအတွင်းရှမ်းနီလူ မျိုးများအတွက်သူမ ဘာတွေဆောင်ရွက် ပေးခဲ့ပြီလည်းဟူသောမေးခွန်းမှာလည်း ရှမ်းနီပြည်သူလူထုကြားတွင်ယနေ့အချိ န် ဝေဖန်စရာကိစ္စရပ်တစ်ခုအဖြစ်ရှိနေခဲ့ပါ သည်။ရှမ်းနီတိုင်းရင်းသားတို့သည်နိုင်ငံ တော်အတိုင်ပင်ခံအပေါ်မျှော်လင့်ချက်ကြီး မားစွာရှိခဲ့သည်မှာအမှန်ပင်ဖြစ်သည်။ထို သို့မျှော်လင့်ချက်များနှင့်ယနေ့၎င်းတို့၏ စကားသံများကိုမေးမြန်းတင်ဆက်ပေးလိုက်ရပါသည်။

ဦးတင်ငွေလေး
ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအကျိုး ဆောင်အဖွဲ့ ဒု-ဥက္ကဌ

နှစ်ကဏ္ဍခွဲပြီးပြောရမယ်။ဒေါ် အောင်ဆန်းစုကြည်တို့ရဲ့အန်လ်အန်ဒီအ ဖွဲ့ကတော့လူ့အခွင့်အရေးကိုဦးစားပေးပြီး လုပ်တဲ့အဖွဲ့အစည်း၊ကျွန်တော်တို့ကလူ မျိုးရေးကိုဆောင်ရွက်တဲ့ပုဂ္ဂိုလ်တွေဖြစ် တယ်။အမျိုးသားရေးကိုတော့သူတို့ကမရှိ ဘူးပေါ။အဓိကတော့သူတို့ကလူ့အခွင့်အ ရေးကိုဦးစားပေးရှေးရရှုပြီးတော့လုပ်တဲ့အ တွက်တိုင်းရင်းသားရေးကိုပါးစပ်အရသာ ပဲပြောသွားပြီးမှလက်တွေ့မှာကျွန်တော်တို့ အတွက်ဘာမှဆောင်ရွက်ပေးတာမရှိသေး ပါဘူး။ကျွန်တော်တို့ရှမ်းနီအမျိုးသားရေး နဲ့ပြောမယ်ဆိုရင်တန်းတန်ညီတူအခွင့်အ ရေးတော့တိုင်းရင်းသားတိုင်းရချင်ကြတာ ပေါ့။တိုင်းရင်းသားနဲ့ကျွန်တော်တို့တိုင်း ရင်းသားအခွင့်အရေးတွေမရပါဘူး။မရ တာကိုပဲဝမ်းနည်းမနေဘဲမရရအောင် တော့အဖွဲ့စည်းတွေဝိုင်းဝန်းကျိုးစားသွား မယ်လို့ သန္နိဌာန်ချထားတယ်။လက်ရှိအာ ဏာရပါတီထဲမှာလည်းရှမ်းနီတွေရှိတယ်။ အားနည်းတာပေါ့ဗျာ။သူတို့ကိုသွားပြော မယ်ဆိုရင်သူတို့ကလူ့အခွင့်အရေးအနေနဲ့ ပဲအမြဲတမ်းသူတို့ရဲ့ပါတီရဲ့မူဝါဒကလူ့အ ခွင့်အရေးပဲပြောတာကို။တိုင်းရင်းသားအ ခွင့်အရေးဆိုတာသူတို့မူဝါဒထဲမှာမရှိဘူး လေ။မရှိတော့တိုင်းရင်းသားအခွင့်အရေး ဆုံးရှုံးနေတာပေါ့။တိုင်းရင်းသားတွေကို မဲပြိုင်ခိုင်းရင်လည်းပြိုင်လဲသူတို့မူဝါဒထဲ မှာတိုင်းရင်းသားအခွင့်အရေးကမူဝါဒထဲ မှာရေးဆွဲထားခြင်းမရှိတဲ့အတွက်ပြိုင်လဲပဲ လွတ်တော်ကိုယ်စားလှယ်တော့ဖြစ်လာမှာ ပေါ့ဗျာ။ဒါပေမယ့်ကျွန်တော်တို့တိုင်းရင်း သားအခွင့်အရေးကတော့မရနိုင်ပါဘူး။အဲ့ လိုပဲသုံးသပ်ပါတယ်။

စိုင်းအောင်ကျင်
ရှမ်းနီလူငယ် ၊ ဗန်းမောက်မြို့
ဒေါ်စုက မိုးညှင်းကို ရွေးကောက် ပွဲမတိုင်ခင်မှာအဲ့ဒီမိုးညှင်းမှာရှမ်းနီတွေ အ များဆုံးနေထိုင်တယ်ဆိုပြီးပြောသွားပါ တယ်။သူ့ကိုလည်းဆက်ပြီးတော့လည်း အားပေးဖို့ပြောသွားပါတယ်။မိုးညှင်းမှာ ရှမ်းနီလူမျိုးအများဆုံးနေထိုင်တယ်ဆိုတာ လည်းသူကိုယ်တိုင်ပဲပြောသွားတယ်။အဲ့ လိုပါပဲဒီဗန်းမောက်မှာလည်းကျွန်တော် တို့ရှမ်းနီတွေအများဆုံးနေထိုင်တယ်ဗျ။ ကျွန်တော်တို့ဗန်းမောက်မြို့နယ်ကိုအခု လာတာလည်းပထမတစ်ခေါက်မဟုတ် ဘူးဗျ။ဒုတိယတစ်ခေါက်ဗျ။အဲ့ခါတုန်းက လည်းမဲတွေထည့်ပေးခဲ့တယ်။အမေစုအ နေနဲ့လည်းကျွန်တော်တို့ တိုင်းရင်းသား တွေအခွင့်အရေးကိုဖွင့်ပေးခဲ့တယ်။ဒါပေ မယ့်ကျွန်တော်တို့လိုချင်တဲ့၊ဖြစ်ချင်တဲ့နေ ရာထိတော့ခရီးမရောက်ဖြစ်သေးဘူးဗျ။

ပင်လည်ဘူးတုံးမွန်းဆရာတော်

တိုင်းဝန်ကြီးချုပ်တွေလောက်က တော့လာတာပေါ့။နိုင်ငံတော်ထိပ်ဆုံးက ပုဂ္ဂိုလ်တွေဆိုအခုတစ်ခေါက်ပဲအရင်က တွေလည်းမရှိပါဘူး။သူတို့အချိန်မရလို့ ရယ်နောက်ပြီးတော့ သူတို့လာတာကဘာ ရည်ရွယ်ချက်နဲ့လာတယ်ဆိုတာမသိဘူး လေ။ပြောတာတော့လွတ်တော်တွေကသူ့ ကိုဖိတ်ထားလို့တစ်နေ့နေ့တော့သူလာမယ် လို့ပြောထားမိတယ်တဲ့။အဲ့ဒီဂတိလေးနဲ့သူ ရောက်လာဖြစ်အောင်လေးလာတဲ့သဘော အဲ့လိုလေးပြောသွားတာပါ။တိုင်းရင်းသား တွေမြင်ရတာစိတ်ချမ်းသာတယ်တဲ့ဘာ ဖြစ်လို့လဲဆိုတော့စစ်မဖြစ်ဘူးပေါ့။အချို့ ချို့သောတိုင်းရင်းသားဒေသမှာစစ်ဖြစ်ကြ တယ်။အဲ့လိုစစ်ဖြစ်တာဟာပညာရှိတွေရဲ့ လုပ်ရပ်မဟုတ်ဘူး လူမိုက်တွေရဲ့လုပ်ရပ် တွေပညာရှိတွေပညာရှင်တွေဆိုရင်အချင်း ချင်းမိမိဖြစ်ချင်တဲ့ဆန္ဒတွေကိုအချင်းချင်း ဆွေးနွေးတိုင်ပင်ပြီးတော့ပြုလုပ်ဆောင် ရွက်ရမှာအဲ့လိုတွေပြောသွားပါတယ်။ တိုင်းရင်းသားတွေအကြောင်းအဲ့လိုပြော သွားပါတယ်။ခုလောလောဆယ်တော့ ( ရှမ်းနီ)အရေးနဲ့ပတ်သက်ပြီးဘယ်လိုမှမ မြင်ပါဘူး။ ရှမ်းနီအကြောင်းတွေကိုမေ့ ထားသလိုပဲ။ရွေးကောက်ပွဲတွေနီးလို့မဲလာ ဆွယ်တဲ့ပုံစံအမြင်လေးပေါ့အဲ့လိုပဲမြင်တာ ပေါ့။ရောက်သလားရောက်တယ်ဆိုရုံလေး ပဲရောက်တာကို။

ဦးစိုင်းစန်းဝေ
ဥက္ကဌ (မြန်မာပြည်မြောက်ပိုင်းရှမ်းမျိုး နွယ်စုရေးရာအဖွဲ့)

ရှမ်းနီနဲ့ပတ်သက်ပြီးတော့ဘာတစ် ခုမှလုပ်ထားပေးတာမရှိပါဘူး။ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ကျွန်တော်တို့ရှမ်းနီ တွေကိုဒီရှမ်းနီတွေရှိတယ်လို့တောင်ခေါင်း ထဲမထည့်ထားပါဘူး။မနှစ်တုန်းကသူ့ကို တွေ့ဆုံခွင့်တောင်းထားသေးတယ်။ဒါပေ မယ့်မပေးဘူး။ဒီကချင်ပြည်နယ်ဆိုအုံး တော့လည်းကချင်တွေမဟုတ်ဘူး၊ရှမ်းနီ တွေလည်းနေထိုင်တယ်ပေါ့နော့်။ဘာပဲ ဖြစ်ဖြစ်ကချင်ပြည်နယ်လို့သတ်မှတ်လိုက် ကတည်းကရှမ်းတွေကအခွင့်အရေးဆုံးရှုံး ခဲ့တယ်ပေါ့နော့်။အဲ့ဒီအနေနဲ့ဒေါ်အောင် ဆန်းစုကြည်အနေနဲ့အမျိုးသားပြန်လည် သင့်မြတ်ရေးဆောင်ရွက်တဲ့နေရာမှာဘာပဲ ဖြစ်ဖြစ် ကချင်ပြည်နယ်ကိုလာပြီဆိုရင် လည်းပဲကချင်နဲ့ပဲတွေ့ပြီးပြန်တာမျိုးမဟုတ်ပဲနဲ့ကျွန်တော်တို့ရှမ်းတွေနဲ့လည်း တွေ့ သင့်တယ်ဆိုတဲ့ဟာကို ကျွန်တော်တို့က တောင်းခံထားတယ်။တောင်းခံထားတယ် ဆိုပေမယ့်လုံးဝအသိအမှတ်မပြုဘူး။တော င်းခံတာလည်းအမျိုးသားပြန်လည်သင့် မြတ်ရေးလုပ်တဲ့အခါမှာကျွန်တော်တို့ရှမ်း တွေကိုလည်းခွဲခွဲခြားခြားမလုပ်ပဲနဲ့ရှမ်း တွေကိုလည်းတွေ့ဖို့ပေါ့လေနော့်။ရှမ်းတွေ ရဲ့လိုအပ်ချက်တွေကိုလည်းတွေ့ဆုံဖို့ပေါ့။ သူကအသိအမှတ်မပြုလာဘူး။ကျွန်တော် တို့စာနဲ့တရားဝင်တင်တာပေါ့လေ။

ကိုရွှေဉာဏ်
ရှမ်းနီ(တိုင်းလိုင်)အမျိုးသားများဖွံ့ဖြိုး တိုးတက်ရေးပါတီ) ၊ဟုမ္မလင်း
ဟုမ္မလင်းကိုရောက်တယ်။လူထု တွေ့ဆုံပွဲတော့မလုပ်ဘူး။တက်လိုက်ဆင်း လိုက်ပဲလုပ်သွားတယ်။ ကျွန်တော်တို့ လည်းအဲ့တာကို မျှော်နေတာလုပ်မလားလို့ ။သူတို့ကတော့ရှမ်းနီလူမျိုးရေးအတွက်ကို ရှမ်းနီပါတီပဲရှိလားဒါမှမဟုတ်ဘာလို့လဲ ဆိုတာဘာမှထူးထူးထွေထွေအားပေးခြင်း၊ အားမြောက်ခြင်းမရှိဘူးပေါ့ဗျာနော့်။အခု ကတော့မှတ်ပုံတင်လုပ်တဲ့အခါတော့လဝ ကကိုညွှန်ကြားထားတာရှိတယ်။ဒီပေါ့ဟု မ္မလင်းကရှမ်းနီတွေအများဆုံးနေထိုင်တဲ့ အရပ်ဒေသကိုးဗျ။ဟိုဒီလဝကပိုင်းဆိုင်ရာ မှတ်ပုံတင်အသစ်လုပ်တာပဲဖြစ်ဖြစ်၊လဲ တာပဲဖြစ်ဖြစ်ဒီငွေရေးကြေးရေးမတောင်းရ ဘူး။အမြန်လုပ်ပေးရမယ်ဆိုတဲ့အမိန့်လေး တော့ထုတ်ထားတယ်ဗျ။ ဒီကျွန်တော်တို့ ကို အားပေးအားမြှောက်နည်းနည်းပါးပါး ရှိလာတယ်ဆိုတဲ့သဘောပေါ့ဗျာ။

နန်းညွှန့်စိန်
နမ့်တောကျေးရွာ၊ဟုမ္မလင်း
ကျွန်မတို့လူမျိုးတွေကိုမျက်ကွယ် ပြုထားသလိုမျိုးခံစားရတယ်။ဘာမှလုပ် မပေးဘူးလေ။ဟိုတလောကသမ္မတကြီး လာတုန်းကလည်းသွားတွေ့တဲ့အခါကျ တော့ကျကျွန်မတို့ကရှမ်းနီပါတီကဆို တော့သူတို့အန်အန်လ်ဒီပါတီက အတွေ့မ ခံတာပေါ့နော့်။သမ္မတကိုဝင်တွေ့မယ်ဆို တော့ဘာကိစ္စလဲဘာညာပေါ့လေ။ကျွန် တော်တို့ကတင်ပြစရာရှိလို့ဘာဆိုပြီးပြော တဲ့အခါကျတော့လက်ဆောင်ပေးမှာလား ဆိုပြီးအရင်မေးတာလက်ဆောင်မပေးဘူး ဆိုရင်အတွေ့မခံချင်တဲ့ပုံစံမျိုးပေါ့နော်၊ဒေါ် စုလာတယ်ဆိုတဲ့အခါလည်းကျွန်မတို့လူ ငယ်ပိုင်းတွေကဘာမှတင်ပြခွင့်မရဘူး။ဒီ ဒေသမှာဆိုတော့ပါတီနှစ်ခုပေါ့နော်။ကျွန် မတို့နဲ့သူတို့နဲ့ပြိုင်သလိုဖြစ်တဲ့အခါကျ တော့ ကျွန်မတို့ကို တော်တော်လေးနှိ ပ် ကွက်တာပေါ့နော်။ ကျွန်မတို့လူမျိုးတွေ ဖော်ထုတ်ခွင့်ရအောင်ကျွန်မတို့ကိုယ်ပိုင်ပြ ဌာန်းခွင့်ရချင်တာပေါ့လေ။

ဦးစောဝင်းထွန်း
ရှမ်းနီ(တိုင်းလျှန်)အမျိုးသားများသွေး စည်းညီညွတ်ရေးပါတီ
ဟုမ္မလင်းသွားတယ်၊ပင်လည်ဘူး သွားတယ်၊ဒီဗန်းမောက်ထိလည်းသွား တယ်။တော်တော်ကိုစိပ်လွန်းတဲ့ခရီးစဉ် တစ်ခုကိုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်တိုက်ကြီးသွားတယ်ဆိုတော့ထူးခြား မှုရှိတာပေါ့။ရှမ်းနီကိုယ်စားပြုပြီးပြောခွင့် မရခြင်း၊တွေ့ဆုံပွဲမှာလည်းပြောခွင့်မရခြင်း ဟာသက်ဆိုင်ရာ စီစဉ်သူတွေကြောင့် လည်းဖြစ်နိုင်သလိုစစ်ကိုင်းတိုင်းအထက် ပိုင်းမှာပါတီအနေနဲ့စိုးရိမ်မှုတော်တော်ကြီး နေပြီဆိုတဲ့အကြောင်းယူဆတယ်ပေါ့နော်။ ပြောရရင်တော့နိုင်ငံရေးအရကျွန်တော် တို့ကို မြောင်းထိုးချင်တဲ့သဘော။ ဖယ် ထုတ်ထားခြင်တဲ့သဘောသက်ရောက်ပါ တယ်။ အဓိကကတော့ဒေါ်အောင်ဆန်းစု ကြည် ကိုတိုင်စည်းရုံးသဘောမျိုး အနေ နဲ့ လာတယ်လို့မှတ်ပါတယ်။ ကျွန်တော် တို့ လူမျိုးတွေကိုပြောခွင့်မပေးခြင်းဟာဒါ ဟာနိုင်ငံရေးကစားကွက်တစ်ခုကြောင့်ဒီ အခွင့်အရေးကိုဆုံးရှုံးတယ်လို့ပဲမှတ်ပါ တယ်။

Leave a Reply

Your email address will not be published. Required fields are marked *