နိုင်ငံရေးဘုံရည်မှန်းချက်တစ်ခုဆွေးနွေးဖော်ဆောင်ဖို့ဇူလိုင်(၇) ရက်နေ့မှာလက်နက်ကိုင်အဖွဲ့ (၄) စုပူးပေါင်းစာထုတ် 

ကျောင်းသားလက်ရုံးတပ်တော်

တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေးဘုံရည်မှန်းချက်တစ်ခုကို ဆွေးနွေးဖော်ဆောင်ဖို့ ဒီနေ့ ဇူလိုင်လ (၇) ရက်နေ့မှာ ကျရောက်တဲ့ နှစ်ခြောက်ဆယ်ပြည့် ဆဲဗင်းဇူလိုင်နေ့ မှာ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့ (၄) ဖွဲ့က ပူးပေါင်းပြီး သဘောထားထုတ်ပြန်ထားပါတယ်။ 

ကျောင်းသားလက်ရုံးတပ်တော် တကသများ/ရန်ကုန် ၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (PIA)  ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ PLF  နဲ့ ပြည်သူ့တော်လှန်ရေးအင်အားစု အနောက်ပိုင်းဒေသ စတဲ့ လေးဖွဲ့က ပူးပေါင်းထုတ်ပြန်ထားတာပါ။ 

ရာစုနှစ်ထက်ဝက်ကျော် ပြည်သူတွေကိုဖိနှိပ်အုပ်ချုပ်ထားတဲ့ စစ်အုပ်ချုပ်ရေးကို ပယ်ဖျက်ဖို့ တော်လှန်ရေးအင်အားစုတွေကြား ပိုမိုအားကောင်းတဲ့ နိုင်ငံရေး ၊ စစ်ရေး စုဖွဲ့မှုတစ်ရပ် ပေါ်ပေါက်လာရင် စစ်အာဏာရှင်စနစ်  အဆုံးသတ်နိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း ပြောဆိုထားပါတယ်။ 

ဒါ့အပြင်် ကွက်ကဲမှုစနစ်ပြတ်သားခိုင်မာတဲ့ မဟာမိတ်တပ်ပေါင်းစုတစ်ရပ်အဖြစ် တိုက်ပွဲဝင်နိုင်ဖို့အတွက်အလည်း အရေးကြီးတယ်လို့ ထည့်သွင်းထုတ်ပြန်ထားပါတယ်။ 

ဝေဝါးနေနဲ့ ရည်မှန်းချက်နဲ့ စုစည်းညီညာမှုမရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးက ဘုံရန်သူပြုတ်ကျသွားပြီး ပြည်တွင်းစစ်နဲ့ စစ်ဘုရင်ဝါဒကို ထပ်မံဦးတည်စေမှာဖြစ်ပြီး သမိုင်းတကျော့ပြန်ခြင်းကို ဖြစ်ပေါ်စေနိုင်တယ်လို့လည်း သတိပေးထားပါတယ်။ 

လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ်က စစ်အာဏာရှင်စနစ်ကို  ဆန်ကျင်ဖီဆန်ဆန္ဒပြရင်း ပစ်ခဖြိုခင်းခံရမှုတွေကြောင့် ကျောင်းသားမြောက်အများ အသက်ဆုံးရှုံးခဲ့ကြရတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *