ဩဂုတ် ၁၇ ၊ နေပြည်တော်
ဒုတိယအကြိမ်လွှတ်တော်သက်တမ်းမှာ နိုင်ငံရေးရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့ကြသူတွေ ၊ လွှတ်တော်အမတ်တွေကို နိုင်ငံရေးပင်စင်ချီးမြင့်ခဲ့တယ်လို့ ဩဂုတ်လ ၁၆ ရက်နေ့ညမှာ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။
နိုင်ငံရေးပင်စင် တစ်လုံးတစ်ခဲကို နိုင်ငံရေးရာထူးယူခဲ့သူ နဲ့ လွတ်တော်ကိုယ်စားလှယ် အပါအဝင် ၄၉၁ ဦးတို့ကို ငွေကျပ် သန်းပေါင်း (၄၀၄၀) ပေးခဲ့တယ်လို့ ဆိုပါတယ်။
၄၉၁ ဦးထဲမှာ နိုင်ငံရေးပါတီ ၂၃ ပါတီ ၊ တစ်သီးပုဂ္ဂလ ၁၃ ဦး ၊ နိုင်ငံရေးပါတီဝင်မဟုတ်သူ ၄၃ ဦးပါဝင်တယ်လို့ဆိုထားပါတယ်။
ဒီထဲမှာ NLD ပါတီက ၂၁၇ ဦး ၊ USDP ပါတီက 98 ဦး SNLD ပါတီက ၄၃ ဦး ၊ ရခိုင်အမျိုးသားပါတီက ၃၉ ဦးနဲ့ တခြားတိုင်းရင်းသားပါတီအသီးသီးက ကိုယ်စားလှယ်တွေလည်း ရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
နိုင်ငံရေးပင်စင် တစ်လုံးတစ်ခဲကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များရဲ့ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေပုဒ်မ ၂၆ အရ တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ခံစားခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် တစ်လလျှင် ၁၀ သိန်းကျပ် ရရှိတဲ့ ရွေးကောက်ခံရတဲ့ အမတ်တစ်ဦးကို ကျပ် သိန်း ၅၀ ရရှိမည်ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမတ်တစ်ဦးလျှင် သိန်း ၃၀ ရရှိမှာလို့သိရပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးပါတီတချို့ရဲ့ လွှတ်တော်အမတ်တွေက နိုင်ငံရေးပင်စင်ထုတ်ပေးဖို့အတွက် တောင်းဆိုမှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။