နိုင်ငံရေးအကျဉ်းသားတွေလွတ်ပေးမှုကစစ်ကောင်စီရဲ့နိုင်ငံရေးထွက်ပေါက်ကြောင့်လို NUG ယာယီသမ္မတဆို 

နိုဝင်ဘာ ၁၈ ၊ ရန်ကုန် 

စစ်ကောင်စီက အကျဉ်းသားခြောက်ထောင်နီးပါးလွတ်ပေးမှုတွေဟာ နိုင်ငံရေးထွက်ပေါက်ကြောင့်လို့ NUG ယာယီသမ္မတ ဒူဝါလရှီလရဲ့ အရေးပေါ်အခြေပြမိန့်ခွန်းမှာ ပြောဆိုထားပါတယ်။ 

လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေက အစကတည်းက ဖမ်းဆီးစရာမလိုအပ်သူတွေ၊ မတရားဖမ်းဆီးတရားစွဲဆိုခံရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ 

“ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ ဆောင်ရွက်ချက်ကို ကြည့်လိုက်ရင်  အပေါ်ယံအားဖြစ်တော့ သက်ညှာသနားမှုရှိသလိုလို ထင်မြင်ယူဆစရာရှိပေမယ့် တကယ့်အတွင်းကျကျပြန်ကြည့်ရင် ယခုလိုလုပ်ဆောင်မှုဟာ သူတို့ရဲ့ ထွက်ပေါက်အဖြစ်လုပ်ဆောင်နေတာပဲဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာဖြစ်ပါတယ်။” လို့ဆိုထားပါတယ်။ 

ဒီလိုလွတ်မြောက်လာမှုတွေဟာလည်း နှစ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်တဲ့ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေရဲ့ အင်အားအသီးအပွင့်တွေဖြစ်လို့ ပြောပါတယ်။ 

နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်လာဖို့အတွက်လည်း နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို ဆက်လက်ဖိအားပေးဖို့ကိုလည်း ဒူဝါလရှီးလက တိုက်တွန်းထားပါတယ်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးသမားတချို့လည်း ဒီလိုလွတ်ပေးတဲ့ထဲမှာ မပါဝင်သေးသလို လက်ရှိအချိန်ထိ လူခြောက်ထောင်နီးပါးမှာ နိုင်ငံရေးအကျဉ်းသား ခြောက်ဆယ်ဝန်းကျင်သာ ပါဝင်သေးတယ်လို့ AAPP ရဲ့ နိုဝင်ဘာ ၁၇ ရက်နေ့ စာရင်းတွေအရသိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *