နိုဝင်ဘာလတစ်လအတွင်းကိုဗစ်ကူးစက်သူထောင့်လေးရာကျော်ရှိခဲ့ 

နိုဝင်ဘာ ၃၀ ၊ ရန်ကုန် 

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေဟာ နိုဝင်ဘာလ တစ်လအတွင်း ကူးစက်သူ ၁၄၂၀ ရှိခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်မှုအရသိရပါတယ်။ 

တစ်လအတွင်းသေဆုံးသူဟာလည်း ၅ ဦးရှိခဲ့ပြီး ကိုဗစ်ရောဂါပိုး စတင်ကူးစက်ချိန်ကနေစ ဒီနေ့အထိ သေဆုံးသူ တစ်သောင်းကိုထောင်ကျော်ရှိနေတယ်လို့ သိရပါတယ်။ 

ကိုဗစ်ကူးစက်မှုတွေဟာ နိုဝင်ဘာလမှာ ကူးစက်မှု ၂ ရာခိုင်နှုန်းအောက်ကိုရောက်ရှိနေပြီဖြစ်တယ်လို့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီကျန်းမာရေးဌာနက ကြေညာပါတယ်။ 

ကိုဗစ်ရောဂါပိုးကူးစက်မှုလျော့ကျလာတာကြောင့် ကိုဗစ်ဆိုင်ရာစည်းမျဉ်းစည်းကမ်းတချို့ကိုလည်း နိုဝင်ဘာလကုန်မှာ  ပြန်လည်ဖြေလျော့မှုတွေပြုလုပ်ပေးခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ စက်တင်ဘာလ နဲ့ အောက်တိုဘာလ တွေမှာ ကူးစက်မှုက တစ်ရက်ပျှမ်းမျှ နှစ်ရာကျော်ရှိခဲ့ရာကနေ ပြန်လည်ကျဆင်းလာတာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ 

ကိုဗစ်ကူးစက်သူ နဲ့ သေဆုံးသူ အများဆုံးက ကိုဗစ်ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသူတွေ၊ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားခြင်းမရှိတဲ့သူ တွေဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီက Covid19 ရောဂါနှင့် အတူယှဉ်တွဲနေထိုင်ခြင်း နေထိုင်မှုပုံစံအသစ်ကိုလည်း အမြဲကြေညာနေတာကိုတွေ့ရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *