ဇူလိုင်၂၉၊ရန်ကုန်
ပိုမိုအရှိန်မြင့်တောက်လောင်လာတော့မယ့် နွေဦးတော်လှန်ရေးနဲ့ အဆုံးသတ်တိုက်ပွဲအတွက် ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်လုပ်ပေးဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဇူလိုင်လ ၂၈ ရက်နေ့မှာ အရေးပေါ်နိုင်ငံအခြေပြမိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။
“ ပြည်တွင်းမှာ ၊ ပြည်ပကသော်လည်းကောင်း ပြည်သူ့တော်လှန်ရေးအဆုံးသတ်တိုက်ပွဲအတွက် ဆက်လက်ရင်းနှီးမြှုပ်နှံကြဖို့ ငွေကြေးများကို တော်လှန်ရေးအရှိန်မြင့်ဖို့ အဓိက မောင်းနင်အားတစ်ခုအဖြစ်ရှိနေတယ်ဆိုတာ ဆက်လက်အမှတ်ရကြဖို့ အထူးတိုက်တွန်းလိုပါတယ်” လို့ ဆိုပါတယ်။
နွေဦးတော်လှန်ရေးအတွက် နိုင်ငံသူ နိုင်ငံသားအားလုံး ဆက်လက်ပါဝင်ရေးလည်း လိုအပ်တယ်လို့ ပြောပါတယ်။
အရေးပေါ် နိုင်ငံအခြေပြမိန့်ခွန်းမှာ နိုင်ငံတကာဘက်ကလည်း NUG ကို တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြု သတ်မှတ်ပြီး စစ်ကောင်စီရဲ့ ဝင်ငွေရမယ့်လမ်းကြောင်းတွေကို ပိတ်ဆို့ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
ဒါ့အပြင် ငွေကြေး ၊ နည်းပညာအကူအညီတွေ နဲ့ ဒီမိုကရေစီအရေးတွက် လက်နက်ခဲယမ်းထောက်ပံ့ပေးဖို့ကိုလည်း နိုင်ငံတကာကို ထပ်မံတောင်းဆိုထားပါတယ်။
အာဆီယံရဲ့ ထိရောက်မှုမရှိတဲ့ ဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်သုံးသပ်ဖို့ ၊ စစ်အာဏာရှင်ကို ဖယ်ရှားရေး ဆက်လက်ပံ့ပိုးဖို့အတွက် အာဆီယံကို တောာင်းဆိုထားပါတယ်။
အခြေပြမိန့်ခွန်းမှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ (၄) ဦးကွက်မျက်ခံရသူတွေကိုလည်း အာဇာနည်ဗိမ္မာန် ခမ်းခမ်းနားနားတည်ဆောက်သွားဖို့ စိတ်ဆန္ဒရှိတယ်လို့လည်း ပြောဆိုသွားပါတယ်။