
ဖေဖော်ဝါရီ ၁ ၊ ရန်ကုန်
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေး (၂) နှစ်ပြည့်တဲ့အချိန်မှာ သတ်ဖြတ်ခံရသူ ၂၈၉၄ ဦးရှိတယ်လို့ NUG က ဖေဖော်ဝါရီ (၁) ရက်ေန့မှာ ဆိုလာပါတယ်။
နစ်နာခဲ့ရသူတွေအတွက် တရားမျှတမှုရရှိမှုရရှိရေးအတွက် ကျူးလွန်ခဲ့သူတွေကို တရားဥပဒေရှေ့မှောက်ကို ပို့ဆောင်နိုင်ဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ ကြေညာချက်မှာ ထည့်သွင်းပြောဆို ထားပါတယ်။
စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး ကျူးလွန်နေဆဲ ဖြစ်တယ်လို့ပြောပါတယ်။
(၂) နှစ်တာအတွင်းမှာ သတ်ဖြတ်ခံခဲ့ရသူ စုစုပေါင်း (၂၈၉၄)ဦး ရှိခဲ့ပြီး အဲ့ဒီထဲမှာ အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက်ကလေးငယ် (၂၇၉)ဦး၊ အမျိုးသမီး (၄၄၇)ဦး တို့ ပါဝင်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု (၆၅၄) ကြိမ်ရှိခဲ့ပြီး ပြည်သူ (၃၇၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၂၈၈)ဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်တပ်ရဲ့ အာဏာသိမ်းမှု (၂)ပြည့် လာခဲ့ပေမယ့် ၎င်းအာဏာသိမ်းမှုကို လက်မခံဘဲ ပြည်သူတွေက နိုင်ငံရေး၊ စစ်ရေး၊ သံသမန်ရေး စသည့် နည်းလမ်းပေါင်းစုံနဲ့ ဆန်ကျင်တော်နေကြဆဲလည်းဖြစ်ပါတယ်။