ပြက္ခဒိန် နှစ်တစ်နှစ်ကူးပြောင်းခြင်းဆိုသည်မှာ သာမှန်အားဖြင့် ထူးခြားသည်ဟု ပြောမရပါ။
သို့ရာတွင် ရက်တွေ ၊ လတွေ ၊ နှစ်တွေဆိုတာ ကာလတစ်ခု၏ မှတ်တိုင် သို့မဟုတ် မိုင်တိုင်များဖြစ်ကြပါသည်။
လုပ်ငန်းတွေမှာ လချုပ် နှစ်ချုပ်တွေ လုပ်ရသလို ဘဝရေးရာ အမျိုးသားရေးရာများတွင်လည်း လချုပ် နှစ်ချုပ်လုပ်သင့်လှပေသည်။ ကုန်လွန်ခဲ့သော လတွေ နှစ်တွေထက် တိုးတက်မှှုက ဘာဖြစ်သည် ဆုတ်ယုတ်မှှုက ဘာဖြစ်သည်ဆိုတာ ပြန်လည် သုံးသပ်နိူင်ဖို့ ဖြစ်ပါသည်။ နှစ်တစ်နှစ်ချင်းမှသည် ဆယ်စုနှစ် ရာစုနှစ်များကိုပင် ဓမ္မဓိဌာန်ကျကျ သုံးသပ်နိူင်လျှင် ကောင်းပါသည်။ သို့မှသာ အတိတ်သမိုင်းမှ အားသာချက် အားနည်းချက်များကို မြင်နိူင်ပြီး သင်ခန်းစာ ယူနိူင်မည်ဖြစ်သည်။ သမိုင်းဆိုတာ ကုန်လွန်ပြီးသော လူသားများ၏ စွမ်းဆောင်ချက်များဖြစ်သည့်အားလျှော်စွာ ထိုသူများ၏ စွမ်းဆောင်ချက် ကောင်းခြင်းဆိုးခြင်းကို ဖော်ပြနေပါသည်။
သမိုင်းကောင်းဆိုတာ ဂုဏ်ယူရုံသက်သက် ကျေနပ်နေဖို့ မဟုတ်သလို နိမ့်ပါးခဲ့သော သမိုင်းဆိုသည်မှာလည်း ဂုဏ်ငယ်စရာကိစ္စရပ်များ မဟုတ်ချေ။ ထိုသမိုင်းများထဲမှ အားသာချက်အားနည်းချက်များကို ထုတ်နူတ်ပြီး သင်ခန်းစာယူဆောင်ရွက်တတ်မှသာလျှင် အနာဂါတ်ကောင်းသော တိုးတက်သည့် လူ့အဖွဲ့အစည်းများ ဖြစ်လာမည်ဖြစ်ပါသည်။
ခေတ်ကာလတွေ ပြောင်းလဲလာသည်နှင့်အမျှ အတိတ်သမိုင်းမှ ဆောင်ရွက်ချက်များသည် လက်တွေအသုံးဝင်ချင်မှ ဝင်ပေမည်။ ထို့ကြောင့်လည်း အနာဂါတ်သမိုင်းကောင်းဖို့အတွက် လက်ရှိမျိုးဆက်များ၏ စွမ်းဆောင်ရည်ကောင်းကို ထုတ်ပြရပေမည်။ အဘိုးအဘွားလက်ထက် ကြီးပွားမှှုကိုသာဂုဏ်ယူနေပြီး ကြိုးစားအားထုတ်မှှု မရှိလျှင် ဆုတ်ယုတ်သော မျိုးဆက်သမိုင်းကိုသာ ဖန်တီးမိပေလိမ့်မည်။ တိုးတက်မှှုဆိုသည်မှာ အဘိုးထက် အဖေကသာလာရမည် ။ အဖေထက်သားက သာလွန်တိုးတက်လာမှသာလျှင် တိုးတက်သော မျိုးဆက်ဟု ဆိုနိူင်ပေမည်။ အချို့က အတိတ်သမိုင်းမရှိခဲ့သော်လည်း လက်ရှိတွင် တိုးတက်အောင်စွမ်းဆောင်ထားနိူင်သည်ဆိုလျှင် ကောင်းမွန်သော သမိုင်းကို ဖန်တီးနေသည်ဟုဆိုနိူင်ပါသည်။
ထို့ကြောင့် မျိုးဆက်တစ်ခု တိုးတက်ဖို့က အတိတ်မှာပဲ သာယာကျေနပ်မနေပဲ ခေတ်သစ် သမိုင်းကောင်းကိုဖန်တီးနိူင်သူများဖြစ်အောင် ဖော်ဆောင်ရမည်ဖြစ်သည်။ လက်ရှိမျိုးဆက်သည် ယခင်မျိုးဆက်ထက် သာလွန်အောင်ကြိုးစားရမည် ။ ထို့ပြင် အနာဂါတ်မျိုးဆက်များ ပိုမိုတိုးတက်စေရန် လမ်းကြောင်းပေးခြင်း ပံ့ပိုးပေးခြင်းတို့ ဆောင်ရွက်ပေးနိူင်ရမည်ဖြစ်သည်။ သို့မှသာ အနာဂါတ်တိုးတက်သော လူမှှု အဖွဲ့အစည်းများကို ထူထောင်နိူင်မည်ဖြစ်သည်။ အနာဂါကောင်းကို ဖန်တီးဖို့ရန်အတွက် အမျှော်အမြင်ရှိသော ဖန်တီးနိူင်စွမ်းမြင့်မားသော တိုးတက်ကျယ်ပြန့်သောအတွေးအမြင် စိတ်ကူးနှင့် ပုံဖော်နိူင်စွမ်းက အရေးကြီးပါသည်။ သို့မဟုတ်ပါက နှောင်းလူတို့လုပ်သလောက်သာလုပ်ပြီး ကျေနပ်နေပါက ဆုတ်ယုတ်ခြင်းနှင့် မခြားဖြစ်ပေမည်။
လှုပ်တော့ လှုပ်သည် အရွေ့မရှိပါကလည်း တိုးတက်မှှုဟု မဆိုနိူင်ပါ။ အရွေ့ရှိသော တိုးတက်မှှုကိုရဖို့ ရွေ့နိူင်စွမ်း စိတ်ကူးခွန်အား လုံ့လဝီရိယခွန်အားလိုအပ်ပါသည်။ ထို့ကြောင့် အနာဂါတ်ကောင်းသော တိုးတက်သည့် လူမှှုဝန်းကျင်တစ်ခုကို ဖန်တီးနိူင်ရန်အတွက် နှစ်သစ်မှာ စီမံကိန်းသစ် ပန်းတိုင်အသစ်များ ချမှတ်၍ ကာယစွမ်းအား စိတ်စွမ်းအားသစ်များ ပြည့်ဖြိုးဆောင်ရွက် နိူင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။