စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်၌ နိုဝင်ဘာလ (၅)ရက်နေ့က မလိမ်းတုံး ၊ ပင်တုံးကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အယောက် (၄၀) သေဆုံးကြောင်း ပင်လည်ဘူးဒေသရှိ တိုက်ပွဲသတင်းများကို ထုတ်ပြန်နေသည့် Pinlebu Revolution facebook စာမျက်နှာက ရေးသားထားသည်။
ထိုတိုက်ပွဲတွင် ဒေသခံ PDF ဘက်ကလည်း (၅) ဦးကျဆုံးခဲ့ကြောင်းလည်း သိရသည်။
တိုက်ပွဲကို စစ်ကောင်စီဘက်က စစ်ကြောင်း (၄) ကြောင်းဖြင့် ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း ရေးသားထားသည်။
( သီးခြားအတည်ပြုနိုင်ရန်အတွက် အင်တာနက်လိုင်း နှင့် ဖုန်းလိုင်းများလည်း ဖြတ်တောက်ထားခြင်းခံထားရသည် )
စစ်ကိုင်းတိုင်းဒေသကြီးက ကောလင်းခရိုင်ဖြစ်သည့် ကောလင်း ၊ဝန်းသို ၊ပင်လည်ဘူးမြို့များကို စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပိတ်ထားပြီး ဒေသခံ PDF များကို ထိုးစစ်ဆင်မှုများပြုလုပ်ခဲ့သည်မှာ (၂) ကျော်ကြာမြင့်နေပြီဖြစ်သည် ။
နှစ်လအတွင်း ဒေသခံ PDF ဘက်မှ ရဲဘော်ကျဆုံးမှုများရှိသလို စစ်ကောင်စီဘက်ကလည်း ကျဆုံးမှုအများအပြားရှိနေကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။
စစ်ကောင်စီသည် စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျွန်းလှ ၊ ကန့်ဘလူ ၊တန့်ဆည် ၊နှင့် ကောလင်းခရိုင် တို့ကို အလောင်းမင်းတရားစစ်ဆင်ရေးဟု အမည်ပေးထားသည့် စစ်ဆင်ရေးဖြင့် ဒေသခံ PDF များကို စစ်ဆင်ရေးတစ်ရပ်ပြုလုပ်နေကြောင်း သိရသည်။
အောက်တိုဘာလ (၂၈) ရက်နေ့က ထိုမြို့နယ်များအပေါ် ရုရှားနိုင်ငံထုတ် စစ်လေယာဉ်တချို့ ပျံသန်းမှုများနှင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။