ဇူလိုင် ၉ ၊ နေပြည်တော်
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ ပါတီမှတ်ပုံတင်ပြန်လျှောက်တဲ့ ယခင်နိုင်ငံရေးပါတီဟောင်း ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC)နဲ့ ပါတီအသစ် ဒီမိုကရေစီနဲ့လူ့အခွင့်အရေးပါတီ တို့ရဲ့ မှတ်ပုံတင်လျှောက်ထားမှုကို ငြင်းပယ်ကြောင်း ဒီနေ့ ဇူလိုင်လ ၉ ရက်နေ့မှထုတ်ပြန်လာပါတယ်။
ဒီနေ့ ဇူလိုင်လ(၉)ရက်နေ့မှာလည်း ပါတီဟောင်းဖြစ်တဲ့ ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC)နဲ့ ပါတီအသစ် ဒီမိုကရေစီနဲ့လူ့အခွင့်အရေးပါတီ နှစ်ပါတီတို့ရဲ့ ပါတီမှတ်ပုံတင်ခွင့်လျှောက်က်ထားချက်ကိုလည်း မှတ်ပုံတင်ခြင်းဥပဒေပုဒ်မပြဌာန်းချက်များနဲ့ မညီညွှတ်ဘူးလို့ဆိုကာ ငြင်းပယ်ခဲ့ပါတယ်။
ကချင်အမျိုးသားကွန်ကရက်ပါတီ KNC ဟာ ၂၀၂၀ မှာ ကချင်ပြည်နယ်အတွင်း လွှတ်တော် ကိုယ်စားလှယ်လောင်း (၁၈) ဦး၊ ရှမ်းပြည်နယ်အတွင်း ကိုယ်စားလှယ်လောင်း နှစ်ဦး၊ စုစုပေါင်း ၂၀ ဦးနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ပါတာလည်းဖြစ်ပါတယ်
မကြာသေးမီ ဇူလိုင်(၂)ရက်နေ့ကလည်း ရခိုင်အမျိုးပါတီ(ANP) ကို ဥပဒေပုဒ်မ(၇)ပါအချက်အလက်များနဲ့ညီညွှတ်ခြင်းမရှိဟုဆိုကာ ငြင်းပယ်ခံခဲ့ရပါသေးတယ်။
စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကနေ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ပယ်ဖျက်ခံရတဲ့ပါတီ (၈၀)ပါတီရှိလာတာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့စာရင်းတွေအရ သိရပါတယ်။
၂၀၁၀ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်းမှာ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားခဲ့တဲ့ နိုင်ငံရေးပါတီ(၃၅)ခုကို ပယ်ချခဲ့ပြီး ကျန်(၄၅)ပါတီကတော့ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း ငြင်းပယ်ခံခဲ့ရတာတွေ ဖြစ်ပါတယ်။
၂၀၂၀ခုနှစ်ကနေ ယနေ့အထိ ကချင်ပါတီ(၄)ပါတီ၊ ရခိုင်ပါတီ(၄)ပါတီ၊ ကရင်ပါတီ(၅)ပါတီ၊ ချင်းပါတီ(၆)ပါတီ၊ ကယားပါတီ(၃)ခု၊ ရှမ်းပါတီ(၃)ခု၊ မွန်ပါတီ(၂)ခု၊ ‘ဝ’ ပါတီ ၃ခုတို့အပါအဝင် တစ်ခြားသောပါတီများစုစုပေါင်း(၈၀)ထိ (UEC)က ငြင်းပယ်ထားတာလည်းဖြစ်ပါတယ်။