ဩဂုတ် ၅ ၊ ဗန်းမောက်
ဒေသခံ PDF တွေပိတ်ထားတဲ့ အင်းတော်-ဗန်းမောက်လမ်းပိုင်းကို ဩဂုတ်လ ၅ ရက်နေ့ နေ့လည်ပိုင်းကစပြီး ပြန်ဖွင့်ပြီလို့ PDF သတင်းတွေရဲ့ သတင်းကိုထုတ်ပြန်နေတဲ့ Indaw Revolution IR က ထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၃၁ ရက်နေ့က စပြီး အင်းတော်-ဗန်းမောက်လမ်းကို ရက်အကန့်အသတ်မရှိပိတ်ထားခဲ့ရာ ဩဂုတ်လ ၅ရက်နေ့မှာ ပြန်ဖွင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။
လမ်းပိတ်ထားမှုကြောင့် အင်းတော်အထွက် နန့်သာကျေးရွာအနီးမှာ ကားအစီး ၆၀ ကျော်ဝန်းကျင် ဩဂုတ်လ ၄ ရက်နေ့အထိ ပိတ်မိထားတယ်လို့ ကားသမားတစ်ဦးကပြောပြပါတယ်။
လမ်းပိတ်ထားတာကြောင့် ဗန်းမောက်မြို့နယ်အတွင်းမှာ ပစ္စည်းပြတ်လပ်မှုတွေဖြစ်ပေါ်ပြီး ကုန်စျေးနှုန်းတွေလည်း မြင့်တက်လာတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဒီလိုလမ်းပြန်ဖွင့်ပေးပြီး ကုန်ကားတွေကို မိုးကာမအုပ်မောင်းရတာ ၊ အိမ်စီးကား ၊ နာရေးကားနဲ့ ဘုန်းကြီးကားတွေ မှန်ချမောင်းနင်ဖို့ တွေကို ပြောဆိုထားပါတယ်။
ကား၊ ဆိုင်ကယ် နဲ့ ဘယ်ယာဉ်ကိုမဆို စစ်ဆေးမယ်ဆုရင် စစ်ဆေးခံဖို့နဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ပစ္စည်းသယ်ဆောင်လာရင် ယာဉ်လိုင်းတွေ ၊ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေအားလုံးကို အရေးယူမယ်လို့လည်း ဆိုပါတယ်။