ပြစ်ဒဏ်ကျခံနေရတဲ့အကျဉ်းသား၈၁၄ဦးကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး 

ယနေ့ လွှတ်ငြိမ်းချမ်းသာခွင့်ပြုသည့် ကြေညာအမိန့်များ

ပြစ်ဒဏ်ချခံနေရတဲ့ အကျည်းသား (၈၁၄) ဦးကို ဒီနေ့ကျရောက်တဲ့ (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။ 

နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်မယ်ဆိုရင် အဲ့ဒီပြစ်ဒဏ်အပြင် အခုကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁) နဲ့ လွတ်ငြိမ်းခွင့်ပေးလိုက်တာလည်းဖြစ်ပါတယ်။ 

လွတ်ငြိမ်းချမ်းသာခွင့်ရသူတွေကို ဒီနေ့မှာ ထောင်အသီးသီးကနေ စတင်လွတ်ပေးနေပြီဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက NLD အစိုးရလက်ထက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို လက်ရှိကျခံနေရတဲ့ ပြစ်ဒဏ်တွေကနေ တစ်ဝက်ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။ 

ဒေါ်နန်းခင်ထွေးမြင့်က  ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နဲ့ နှစ်နှစ် ၊​အဂတိလိုက်စားမှု ပုဒ်မ (၅၅) နဲ့ (၅) မှု အတွက် ၇၅ နှစ် အပြင် ရွေးကောက်ပွဲ ဥပဒေနဲ့  ထောင်ဒဏ် (၃)​နှစ် စုစုပေါင်း ထောင်ဒဏ် နှစ်ရှစ်ဆယ် ကျခံနေရာမှာ ပြစ်ဒဏ်တွေကို တစ်ဝက်လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့အတွက် နှစ်လေးဆယ် အကျဉ်းဆက်လက်ကျခံရမှာဖြစ်ပါတယ်။ 

ဒီနေ့လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ စစ်ကောင်စီက  ဖမ်းဆီးတရားစွဲဆိုထားတဲ့ ရခိုင့်တပ်တော်  AA  အဖွဲ့ဝင် (၄၆)ဦးလည်းပါဝင်ပါတယ်။ 

လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ စာရင်းတွေထဲမှာ သိရိလင်္ကာနိုင်ငံသား (၇)ဦးကိုလည်း လွတ်ပေးခဲ့ပြီးတော့ နိုင်ငံချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုတွေအရလို့ ပြောဆိုလွတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *