ဖားကန့်မြို့ကျောက်စိမ်းတောင်တံတားအနီးရှိလက်ဖက်ရည််ဆိုင်ပိုင်ရှင်တစ်ဦးပြန်ပေးဆွဲခံရ 

ဇွန်၁၅ဖားကန့် 

ဖားကန့်မြို့ ကျောက်စိမ်းတောင်တံတားအနီးရှိ  မြို့မလက်ဖက်ရည််ဆိုင်ပိုင်ရှင်ဟာ  ဇွန်လ ၁၃ ရက်နေ့  ညပိုင်းအချိန်မှာ  လူတစ်စုရဲ့  ပြန်ပေးဆွဲခြင်းခံလိုက်ရတယ်လို့  ဒေသခံတွေဆီကနေ   သိရပါတယ် ။

ပြန်ပေးဆွဲခံရသူ လက်ဖက်ရည်ဆိုင်ပိုင်ရှင်  ဦးသိန်းလွင်ဖြစ်ပြီး  အသက်(၅၀)ဝန်းကျင်အရွယ်ရှိသူဖြစ်ပါတယ်။ 

သူကလဲ လူအေးကြီးလူအေးကြီးကိုမှဘယ်အဖွဲ့ကပြန်ပေးဆွဲသွားတယ်ဆိုတာတော့မသိဘူးပြန်ပေးဆွဲတယ်လို့ပဲလူတွေကပြောနေကြတာ  လက်ဖက်ရည်ဆိုင်မြို့မဆိုတာကဖားကန့်မှာကျောက်စိမ်းတောင်တံတားကြီးရဲ့အောက်ချောင်းဘးမှာဖွင့်ထားတာအေ့ကျောက်စိမ်းတောင်တံတားမှာလုံခြုံရေးရဲကင်းရှိတယ်ရဲကင်းရှိတာကိုမှဘယ်လိုပြန်ပေးဆွဲတယ်ဆိုတာကိုစဉ်းစားလို့မရဘူးဆယ်ပေတောင်မကွာဘူးရဲကင်းနဲ့ဟုဖြစ်စဉ်ကိုသိရှိသူဖားကန့်ဒေသခံတစ်ဦးကပြောပြပါတယ်။ 

 ဒီလက်ဖက်ရည်ဆိုင်အနီး ကျောက်စိမ်းတောင်တံတားမှာ   လုံခြုံရေးယူတဲ့ ရဲကင်းတစ်ခုလည်းရှိနေပြီး ဦးသိန်းလွင်ကို လူတစ်စုက ဖမ်းဆီးသွားချိန် ရပ်ကွက်အတွင်းရှိ ဒေသခံများကလည်း မသိရှိလိုက်ရကြောင်း ဆိုကြပါတယ်။ 

ပြန်ပေးဆွဲခံရပြီးနောက် မိသားစုများရဲ့ပြောပြချက်အရ ဖမ်းဆီးသွားသည်ဟုသာ သိရှိရပြီး ခေါ်ဆောင်သွားတဲ့ အဖွဲ့အစည်း ၊ လူပုဂ္ဂိုလ်များကိုလည်း မသိရှိရသေးပဲ အသက်အန္တရာယ်နှင့် သက်ရှိထင်ရှားရှိ/မရှိကိုလည်း မသိရသေးဘူးလို့    ဒေသခံတစ်ဦးက ဆက်ပြောပြပါတယ်။ 

အသက်အန္တရယ်စိုးရိမ်ရသလားအသက်ရှိသေးသေးသလားပြီးရင်ပြန်ပေးဆွဲတယ်ဆိုတော့ဘာလိုချင်လို့ပြန်ပေးဆွဲတာလဲဆိုတဲ့အကြောင်းအရာလေးကအစမသိရသေးဘူးနောက်ပြီးတော့ဘယ်အဖွဲ့အစည်းကလုပ်တာဆိုတာလည်းမသိရသေးဘူးပေါ့နော်

 ဖားကန့်မြို့နယ်မှာ ယခုလပိုင်းတွေအတွင်း ဓားပြမှု ၊ခိုးဆိုးလုယက်မှု ၊ သတ်ဖြတ်မှုတွေမကြာမကြာ ပြုလုပ်ဖြစ်ပွားနေသော်လည်း ပြန်ပေးဆွဲမှုက  ယခု ဇွန်လ လဝက်တွင် ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *