ဖားကန့်မြို့နယ်ဆိပ်မူကျေးရွာမှာယာဉ်မောင်းတစ်ဦးပစ်သတ်ခံ​ရ

ပစ်ခတ်မှုဖြစ်ပွားသည့် ဆိပ်မူကျေးရွာတံတားအနီးဝန်းကျင်ကို Google Map က တွေ့ရစဉ်

မတ် ၁၇ ၊ ဖားကန့် 

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာရပ်ကွက်(၃)  ဖားကန့်-ဆိပ်မူလမ်းမကြီးမှာ ယာဉ်မောင်းတစ်ဦး ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးသွားတယ်လို့  သိရပါတယ်။ 

မတ်လ ၁၇ ရက်နေ့ မနက် (၂) နာရီဝန်းကျင်အချိန်မှာ ADVan ကားအမျိုးအစားမောင်းနှင်သူ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ် ရပ်တန့်ခိုင်းရာကနေ ထွက်ပြေးမှုကြောင့် ပစ်ခတ်ခံလိုက်ရတာဖြစ်တယ်လို့ ဖြစ်စဉ်နှင့်အနီးဆုံးနေအိမ်က ဒေသခံ အမျိုးသားတစ်ဦး ပြောပြပါတယ်။ 

သေနတ်သံကြားတယ်။ ည နှစ်နာရီထိုးခံနီးလောက်မှာပစ်တာလေ ဖလောင်းဖလောင်းနဲ့ ကားကိုတားတော့ ကားပေါ်ကနေ ဆင်းပြေးတယ်တဲ့ ၊ ဆင်းပြေးလို့ ပစ်သတ်လိုက်တာလို့ပြောတယ်။ ညက စစ်တပ်က ပစ်မှာပေါ့၊ ကင်းပုန်းတွေဝပ်ထားတယ်လေ။ ” လို့ သူကပြောပြပါတယ်။ 

ဖြစ်စဉ်ဖြစ်ပွားပြီး မနက် (၅) နာရီဝန်းကျင်အချိန်မှာ သေဆုံးနေတဲ့အမျိုးသားအနီးမှာလည်း ADVan ကားနဲ့ လန်ခရိုဇာကား အမျိုးအစားတစ်စီးမျက်နှာခြင်းဆိုင်ရပ်ထားပြီး ကားပျက်စီးမှုတွေရှိတယ်လို့မြင်မျက် တွေ့ရှိခဲ့သူတစ်ဦးက ဆိုပါတယ်။  

“ အလောင်းအရင်တွေ့တာ ပေငါးဆယ်လောက်မှာ ADVan  နဲ့ လန်ခရိုဇာတိုက်ထားတဲ့ပုံစံ ၊ သေနေတဲ့ဟာက ကားသမားပုံစံပေါက်တယ်။ ကျွန်တော်သွားတာ မနက် (၅) နာရီခွဲလောက် ၊ တစ်ယောက်နှစ်ယောက်လောက်စျေးရောင်းတဲ့ အဒေါ်ကြီးပဲရှိသေးတာ၊ လမ်းမပေါ်မှာကြီးဆိုတော့ တွေ့ခဲ့တာ ”​လို့ သူကဆိုပါတယ်။ 

မတ်လ ၁၇ ရက််နေ့ မနက် (၇) နာရီဝန်းကျင်မှာတော့ သေဆုံးသွားသူကို  လာရောက်သယ်ဆောင်သွားပြီး ရင်ခွဲရုံကိုပို့ဆောက်လိုက်ပြီဖြစ်လသလို ကားနှစ်စီးလုံးလည်း မရှိတော့ဘူးလို့  ဒေသခံတွေဆီကနေသိရပါတယ်။ 

ဖားကန့်မြို့နယ်မှာ ယခုမတ်လအတွင်း လုပ်ကြံသတ်ဖြတ်မှုတွေ နဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် (၅) ဦးအထိရှိနေဖြစ်လည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *