



ဇန်နဝါရီ ၁၃ ၊ ဖားကန့်
ဖားကန့်မြို့နယ် စပေါ့ချောင်းဖျား ဆုံစည်းရာရပ်ကွက်တွင် ကျောက်စိမ်းတူးဖော်နေတဲ့ လုပ်ကွက်မှ နွံကန်ပေါက်ကျမှုတစ်ခု ဒီနေ့မနက် ၁ နာရီဝန်းကျင်မှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
လုပ်ကွက်နွံကန်ပေါက်ကျမှုကြောင့် လတ်လတော နေအိမ် ငါးဆယ်ခန့်အထိမြှုပ်သွားပြီး သေဆုံးသူ ၃ ဦး ပျောက်ဆုံးသူအများအပြားဆက်ရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။
နွံကန်ပေါက်ကျမှုတွကြောင့် ပျောက်ဆုံးသူတွေကို ဒီမနက်ပိုင်းမှ စတင်ရှာဖွေနေပြီဖြစ်တယ်လို့ ကနဦးသိရပါတယ်။