ဖားကန့်မြို့မှာ ကျောက်အရောင်းအဝယ်လုပ်ကိုင်နေသူအရပ်သားတစ်ဦးကို လူတစ်စုလာပစ်သတ် 

ဖေဖော်ဝါရီ ၂၃ ၊​ဖားကန့် 

ဖားကန့်မြို့  မှော်ဝမ်းရပ်ကွက်မှာ နေထိုင်တဲ့ ဦးသန်းစိုးနိုင်ကို လက်နက်ကိုင်ဆောင်ထားတဲ့ လူတစ်စုက ဖေဖော်ဝါရီလ ၂၂ရက်နေ့  နေ့လည် (၂) နာရီဝန်းကျင်မှာ လာရောက်ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီကသိရှိရပါတယ်။

“ဘယ်လိုဖြစ်ကြမှန်းလဲမသိကြဘူး လာပစ်သတ်သွာာတာ မသိဘူးဘယ်ကလာပစ်လဲမသိဘူး ကျောက်လုပ်တယ်သူက တခြားအပိုင်းတော့မသိဘူး ငါတို့အမြင်တော့ ကျောက်လုပ်တာပဲသိတာကြီးကို ကျောက်အရောင်းဝယ်လုပ်တယ် ကျောက်ဝိုင်းမှာနေတယ် ကျောက်တွေလည်းဝယ်တယ်အဲ့တာပဲရှိတယ်” လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပြပါတယ်။

အသက် (၄၉)နှစ်အရွယ် ဦးသန်းစိုးနိုင်ဟာ ကျောက်အရောင်းဝယ်လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး အမည်မသိလက်နက်ကိုင် (၅) ဦးက နေအိမ်မှာ လာရောက် ပစ်သတ်သွားတာဖြစ်တယ်လို့လည်းသိရပါတယ်။

လာရောက်ပစ်သတ်သွားတဲ့အကြောင်းအရင်းကိုတော့ ရှမ်းနီအသံကလည်းဆက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ဖားကန့်မြို့နယ်အတွင်းမှာ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အစထိ အုပ်ချုပ်ရေးမှူများ၊ အရပ်သားများပစ်သတ်ခံရမှုဟာ ၃၀ ဦးထက်မနည်းရှိနေပြီလို့ စုံစမ်းသိရှိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *