ဇူလိုင်၂၃၊ဖားကန့်
ဖားကန့်မြို့အဝင်ရှိ ပန်းတင်တံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဇူလိုင်လ၂၁ရက်နေ့ည ၂နာရီဝန်းကျင်အချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KIA+PDF ပူးပေါင်းအဖွဲ့များက လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
“လာပစ်တာတော့ဟုတ်တယ်ဟိုလိုတိုက်ပွဲကြီးဖြစ်တာမဟုတ်ဘူးလာပစ်တာလည်းအများကြီးမဟုတ်ပါဘူးတစ်ယောက်နှစ်ယောက်လေးအဝေးကနေပါလုပ်လဲမလုပ်နိုင်ဘူးဘာလို့ဆိုအေ့နားမှာရဲစခန်းတွေရှိတာကြီးကိုငါးမိနစ်အတွင်းစစ်ကူရောက်နိုင်တယ်လေအဲ့မှာက၃၀လောက်တော့ရှိတယ်ရဲပဲစစ်သားမနေဘူး” ဟုဖားကန့်မြို့ပေါ်နေပြည်သူတစ်ဦးကဆိုပါတယ်။
KIA+PDF ပူးပေါင်းတပ်ဖွဲ့များ လာရောက်ပစ်ခတ်မှုကြောင့် စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီရဲတပ်ဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ရာ ဂိတ်အနီး ရေသန့်စက်ရုံရှိ အလုပ်သမား(၂)ဦးကို လက်နက်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
“၄၀မမဗုံးကျတာလေအလုပ်သမားနှစ်ယောက်အထိအခိုက်နဲနဲတော့ရှိသွားတယ် သေတော့မသေဘူး” ဟု၎င်းကဆက်ပြောပါတယ်။
အလုပ်သမားနှစ်ဦးဟာ သေဆုံးသွားသည်ဟုလည်း တစ်ချို့ပြောဆိုမှုတွေလည်း ရှိနေကာ အတိအကျမသိရှိရသေးပါဘူး လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်သံတွေဟာ မိနစ်အနည်းငယ်ကြာ ကြာမြင့်ခဲ့သည်ဟုလည်း သိရပြီး နှစ်ဖက်အကျအဆုံးမရှိဘူးဟုလည်း ဆိုပါတယ်။
ဖားကန့်မြို့နယ်မှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ကြား စစ်ရေးအခြေအနေတင်းမာမှုရှိနေသော်လည်း ဒီရက်ပိုင်းတွေမှာ တိုက်ပွဲဖြစ်ပွားမှုမရှိသေးပါဘူး။