ဖားကန့်မြို့ကိုဆေးထိုးဖို့လာတဲ့မိသားစု(၃)ဦးရဲ့ကားကမ်းပါးအမြင့်၃၀၀ကနေရေကန်ထဲပြုတ်ကျ

ဇွန် ၉ ၊​ ဖားကန့်

ဖားကန့်မြို့ကို  ဆေးထိုးဖို့လာတဲ့  မိသားစု(၃) ဦးစီးလာတဲ့ ကားတစ်စီးက ဇွန်လ (၉)​ရက်နေ့ မနက်ပိုင်းမှာ  ရှလောခ နဲ့ အေးမြသာယာလမ်းမှာရှိတဲ့ ရေကန်ထဲ ပြုတ်ကျပြီးနစ်မြှုပ်နေတယ်လို့သိရပါတယ်။ 

“ မမုန်းလျန်ဘက်ကနေ ဖားကန့်ဘက်ကို ဆေးထိုးဖို့ ဒါမိသားစု (၃)ဦး ကလေးအဖေရယ် အမေရယ်ပေါ့နော်  ပရိတ်ပေါက်တာလား ဘယ်လိုလည်းတော့မသိဘူး ၉ နာရီ ၃၅ မှာ ရှလောခ အေးမြသာယာ နဲ့ ချိတ်ဆက်တဲ့ လမ်းမှာရှိတဲ့ ရေကန်ထဲကို ကားကပြုတ်ကျသွားတာ” လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေတဲ့ ပရဟိတ လူငယ်တစ်ဦးက ပြောပြပါတယ်။ 

ပြုတ်ကျသွားတဲ့ ရေကန်က ကမ်းပါးနဲ့ အမြင့်ပေ (၃၀၀) ကျော်မှာရှိနေသလို ကန်ရဲ့အနက်ကလည်း အနည်းဆုံး ပေ ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ 

အဲ့ဒီကားက ရေကန်ထဲရှိနေပြီး ကူညီကယ်ဆယ်ရေးကို နေ့လည် (၁) နာရီမှ စတင်နေရတာဖြစ်တယ်လို့လည်း ကူညီကယ်ဆယ်ရေး လုပ်နေသူကပြောပါတယ်။ 

ဖားကန့်မြို့နယ်က ကျောက်စိမ်းမြေစာပုံတွေက အမြင့်ပေ အနည်းဆုံး ပေ ၁၀၀ ကစတင်ရှိပြီး မိုးရာသီတိုင်းမြေပြိုမှုတွေက မကြာခဏဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *