ဖားကန့်မြို့နယ်ထဲကကျောက်စိမ်းလုပ်ကွက်တွေကိုသုံးရက်ထပ်မံပိတ်ခိုင်းထား

ဖားကန့်မြို့နယ် မှော်စီဇာကျေးရွာက ကျောက်စိမ်းလုပ်ကွက်တွေကို တွေ့ရစဉ်

မတ် ၃၀ ၊ ဖားကန့် 

ဖားကန့်မြို့နယ်ထဲက တရားမဝင် ကျောက်စိမ်းလုပ်ကွက်တွေကို မတ်လ ၂၉ ရက်နေ့က စပြီး လကုန် (၃၁) ရက်အထိ သုံးရက်ထပ်မံပိတ်ခိုင်းထးတယ်လို့ ကျောက်စိမ်းလုပ်ကိုင်နေသူတွေက ရှမ်းနီအသံကို ပြောပါတယ်။​

“ ကျောက်ကုမ္မဏီတွေဒီနေ့ကစပီးသုံးရက်ပိတ်မယ်တဲ့ ဖားကန့်မှာ” လို့ ဒေသခံ ကျောက်စိမ်းလုပ်ကိုင်နေသူတစ်ဦးက ဆိုပါတယ်။​

ဒီလိုပိတ်သိမ်းခိုင်းမှာကို  စစ်ကောင်စီဘက်က ပိတ်သိမ်းခိုင်းတာဖြစ်ပြီး ပိတ်သိမ်းခံရတဲ့ အကြောင်းပြချက်ကိုတော့ မသိရှိရသေးပါဘူး။ 

ဖားကန့်မြို့နယ်မာ မတ်လ ၃ ရက်နေ့က ၆ ရက်နေ့အထိ (၃) ရက်တာ  ကျောက်စိမ်းတူးဖော်မှုအားလုံးကို ရပ်နားထားခဲ့ရပါတယ်။ 

မတ်လ ၁ ရက်နေ့ညက ဖားပြင်နောက်ကျော YTT.  လုပ်ကွက်ဟောင်းမှာ တရားမဝင်တဲ့ ကုမ္မဏီတွေ ဘတ်ဟိုးတွေနဲ့ အကြီးစားတူးဖော်မှုတွေလုပ်ကိုင်နေရာမှာ မြေစာပုံပြိုမှုကြောင့် လူ(၅၀)ကျော်ပျောက်ဆုံးနေတာလည်းဖြစ်ပါတယ်။ 

 ဖားကန့်မြို့နယ်ထဲမှာ ကျောက်တူးဖော်နေတဲ့ ကုမ္ပဏီအများစုက သက်တမ်းကုန်ဆုံးထားပြီး နားလည်မှုနဲ့ တရားမဝင်တူးဖော်နေကြတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *