
စက်တင်ဘာ ၂၉ ၊ ကောလင်း
ဒေသခံ PDF များ နှင့် စစ်ကောင်စီတပ်တို့၏ ပြင်းထန်သည့် တိိုက်ပွဲများကြောင့် ဖုန်းလိုင်း နှင့် အင်တာနက်ဖြတ်ခံထားရသည့် ကောလင်းမြို့ နှင့် ဝန်းသိုမြို့နယ်များတွင် လက်ရှိအခြေအနေတည်ငြိမ်နေကြောင်း သိရသည်။
“ အခုတော့ တည်ငြိမ်နေတယ် ၊ ကောလင်းမြို့ပေါ်ရောအခုက ဘာမှ မကြားရသေးဘူး၊ စကစကတော့ တောနင်းရှာနေတာ ၊ အနောက်ဘက်လည်း ဘာသတင်းမှ မရဘူး” ဟု ကောလင်းမြို့နယ်ရှိကျေးရွာတစ်ခုမှ ရှမ်းနီတိုင်းရင်းသားတစ်ဦးက ပြောကြားခဲ့သည်။
ကောလင်း ၊ ဝန်းသိုမြို့ တို့တွင် တချို့သော ကျေးရွာများတွင် ဖုန်းလိုင်းအနည်းငယ် နှင့် အင်တာနက်လိုင်းများ အချိန်ပိုင်းဖြင့် ရရှိနေကြောင်း ၎င်း၏ ပြောဆိုမှုအရသိရသည်။
ကောလင်းမြို့ပေါ်ရှိ စာသင်းကျောင်းတချို့တွင် စစ်ကောင်စီတပ်များက တပ်စွဲထားမှုများလည်းရှိကြောင်း သိရသည်။
တိုက်ပွဲပြင်းထန်ခဲ့သည့် ပင်လည်ဘူး နှင့် ကောလင်းနယ်စပ်တွင် စစ်ကောင်စီတပ်က လေယာဉ်များဖြင့် တိုက်ခိုက်မှုများကြောင့် ဒေသခံတချို့ မြို့ပေါ်ကိုထွက်ပြေးတိမ်းရှောင်ကြသည်ဟုလည်း သတင်းအရင်းအမြစ်တချို့ကဆိုသည်။
ကောလင်း ၊ ဝန်းသို နှင့် ပင်လည်ဘူးမြို့များကို စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်အားလုံးကို စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် (၅) နာရီကတည်းက ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။