ဖောင်းပြင်မြို့နယ်ထဲ CDM ဆရာမကိုဖမ်းဖို့လာရောက်စဉ်စစ်ကောင်စီတပ်နဲ့  PDFတို့တိုက်ပွဲဖြစ် 

မတ် ၃၀ ၊​ ဖောင်းပြင်

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်ထဲက CDM ပြုလုပ်ထားတဲ့ ဆရာမတစ်ဦးကို ဖမ်းဖို့လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ် ရေးတပ်တို့ မတ်လ ၂၆  ထိတွေ့တိုက်ပွဲငယ်တစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

“ CDM လုပ်ထားတဲ့ ဆရာမကို ဖမ်းဖို့လာတာ ၂ ပွင့်ဗိုလ်က တစ်ယောက် ရိုးရိုးတပ်သားက တစ်ယောက်ပေါ့  CDM ဆရာမကိုတွေ့ဖို့ရောက်နေတဲ့ PDF တွေလည်းရှိနေတော့ တိုးပြီးတော့ စစ်တပ်ဘက်က အဆင်းမှာ PDF ဘက်ကပစ်လိုက်တာ ၂ ပွင့်ဗိုလ်တစ်ယောက်နဲ့ ရိုးရိုးတပ်သားနှစ်ယောက် သေသွားတယ်တဲ့​“ လို့ ဒေသခံတစ်ဦးကဆိုပါတယ်။ 

သေဆုံးသွားသည့် ဗိုလ်တွေက ဖောင်းပြင်မြို့အခြေစိုက် ခမရ ၃၆၈ တပ်ရင်းကဖြစ်ကြောင်း သိရပါတယ်။

ဒီဖြစ်စဉ်ပေါ်မှာပဲ တခြားတစ်ဖက်မှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားတယ်လို့ သတင်းလွှင့်မှုတွေရှိခဲ့ပေမယ့် SNA ဘက်ကတော့ တရားဝင်ငြင်းဆိုထားပါတယ်။ 

ဖောင်းပြင်မြို့နယ်ထဲမှာ SNA တပ်ဖွဲ့တွေလုပ်ရှားမှုတွေရှိပေမယ့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေမရှိကြောင်း သိရပါတယ်။ 

ဖောင်းပြင်ဒေသခံ ကာကွယ်ရေးတပ်တွေက ၂၀၂၂ ခုနှစ်အစောပိုင်းက  ရဲစခန်းနှစ်ခုကို ဝင်ရောက်စီးနင်းမှုတွေပြုလုပ်ထားသလို ရဲစခန်းတစ်ခုကိုလည်း မီးရှို့ဖျက်ဆီးမှုတွေပြုလုပ်ထားခဲ့တယ်လို့ သူတို့တွေရဲ့  ထုတ်ပြန်မှုတွေအရသိရပါတယ်။​

စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ အင်တာနက်ပြတ်တောက်မှုတွေကြောင့် သတင်းအချက်အလက်ရရှိမှုနှောင့်နှေးမှုတွေလည်းကြုံတွေ့နေရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *