ဖားကန့်က KIA+PDF တပ်ဖွဲ့တို့ရဲ့ ဒရော့ဗုံးကြောင့် သေဆုံးတဲ့အထဲ ကချင်ကျောက်စိမ်းကုမ္ပဏီတာဝန်ခံ ပါဝင် 

အောက်တိုဘာ(၈) ၊ ဖားကန့်

ဖားကန့်မြို့ရှိ စုပေါင်းရုံးမှာ KIA+PDF တပ်ဖွဲ့တွေရဲ့ ဒရော့ဗုံးတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့အထဲ ကချင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေး (KNDPC) ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ တာဝန်ခံချုပ်ဖြစ်တဲ့ ဦးဇော်အောင် (ခေါ်) ဒရွန်းဇော်အောင်လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

သူက ကချင်လူမျိုးတစ်ဦးလည်းဖြစ်သလို စစ်တပ်နဲ့ KIA+PDF နှစ်ဖက်တပ်ဖွဲ့ဝင်ကြားမှာ ဆက်ဆံရေးကောင်းမွန်တဲ့သူတစ်ဦးလည်း ဖြစ်ကြောင်း ဖားကန့်ဒေသခံများက ဆိုကြပါတယ်။

” ဖားကန့်ပြည်သူ့စစ်အဖွဲ့ အစည်းအဝေးလုပ်တယ်အထင်နဲ့ လာပစ်တာတဲ့ ၊ လွှတ်တော် ကိုယ်စားလှယ်ရဲ့ ကိုယ်စားလှယ်တွေ ၊ လုပ်ငန်းရှင် သူဌေးတွေ တွေ့ဆုံပြီး  ဖားကန့်-မြစ်ကြီးနားလမ်းပိုင်းကို ပြန်လည်မွမ်းမံ ပြင်ဆင်ရေး အတွက်အစည်းဝေး လုပ်နေချိန်မှာ  Drop ဗုံးလာပစ်တာလေ၊။” လို့အနီးနေထိုင်သူ ကချင်တိုင်းရင်းသားတစ်ဦးက ပြောပြပါတယ်။

မနေ့က မိနစ်အနည်းငယ်သာခြားပြီး ဗုံးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ကာ ပထမအကြိမ်မှာ  ဒရော့ဗုံးက စုပေါင်းရုံးခန်းမရှေ့ကျရောက်ခဲ့ပြီး ဦးဇော်အောင်ထိမှန်သေဆုံးခဲ့ပါတယ်။

ဒီလို  ရုတ်ရုတ်သဲသဲဖြစ်ပွားမှုကြောင့် ပြေးလွှားနေတဲ့ အထမ်းသည်  စျေးရောင်းအမျိုးသမီးကို နောက်ထပ် ဒုတိယဗုံးတစ်လုံးထိမှန်ခဲ့ပြီးနောက် သူတို့နှစ်ဦးစလုံး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလို KIA ရဲ့ တိုက်ခိုက်မှုကို ကချင်တိုင်းရင်းသားတွေအကြား ဝေဖန်မှုတွေ ပြင်းထန်နေသလို အချို့လည်း PDF တပ်ဖွဲ့ဝင်များရဲ့ မှားယွင်းတိုက်ခိုက်လုပ်ဆောင်မှုကြောင့်လို့ ပြောဆိုမှုတွေရှိနေပါတယ်။

ပြီးခဲ့တဲ့လမှာ ဖားကန့်မြို့ပေါ်အတွင်း ဌာနေပြည်သူ့စစ်အဖွဲ့တစ်ခုကို  စစ်တပ်က လက်နက်တပ်ဆင်ပေးပြီး  ပြန်လည်ဖွဲ့စည်းထားပြီဖြစ်ကြောင်း  ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူရဲ့ပြောဆိုမှုအရ သိရပါတယ်။

ဒါ့အပြင် ဒီပြည်သူ့စစ်အဖွဲ့က လုံခြုံရေးအပြင် စစ်ရေးတွေကိုပါပူးတွဲလုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပြီးနောက် အခုတိုက်ခိုက်မှုဟာလည်း ပြည်သူ့စစ်အဖွဲ့ရဲ့ အစည်းအဝေး လို့ ထင်မှတ်မှုကြောင့် မှားယွင်းတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေအကြား ပြောဆိုမှုတွေရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *