ဖောင်းပြင်မြို့နယ် ကရားကျေးရွာနှင့် သာစည်ကျေးရွာကြားချင်းတွင်းမြစ်ကမ်းဘေးတွင် တရားမဝင် ရွှေမျှောများ တူးဖော်ရန် လုပ်ဆောင်မှုများရှိနေဟုဆို

ကရားကျေးရွာ

အောက်တိုဘာ ၂၇ ၊ ဖောင်းပြင် 

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်ရှိ ကရားကျေးရွာ နှင့် သာစည်ကျေးရွာကြားတွင် ချင်းတွင်းမြစ်ကမ်း ထိန်းသိမ်းပြုပြင်မည်ဟု ခေါင်းစဉ်တပ်ပြီး 

တရားမဝင် ရွှေမျှောတူးဖော်မှုများပြုလုပ်ရန်အတွက် ပြင်ဆင်မှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။ 

“ ကျေးရွာအုပ်ချုပ်ရေးမှုနဲ့ အပေါင်းပါတွေက ရွာနီးလုပ်ရှင်တွေနဲ့   ဆွဲဆောင်ရင်ပါနိုင်လောက်တဲ့ သူတွေကို စည်းရုံးရေးဆင်းနေတယ်။​

မြို့နယ်လူတွေနဲ့လည်း ခွင့်ပြုချက်ရထားပြီပြီး  ရွာကလက်မခံလည်းအခွင့်ရေး ဆုံးရှုံးမှာဘဲရှိတယ်လုပ်ကြမှာဆိုပီး လုပ်ဆောင်နေတာ ။အချို့ လုပ်ငန်းရှင်တွေက. အခွင့်ကောင်းကိုစောင့်နေကြတာ  မကြာမှီ အကောင်ထည်ဖော်မယ်ဆိုတာ သိရတယ်​“ ဟု ကရားဒေသခံတစ်ဦးက ပြောသည်။ 

ကမ်းထိန်းနံရံကို လွန်ခဲ့သည့် အစိုးရလက်ထက်က နှစ်အလိုက်ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။​

လက်ရှိ  ကျေးရွာနှစ်ခုကြားတွင် ရွှေမျှောတူးဖော်ရန်  ရွှေမျှောအရေအတွက် ၃၀ နှင့် ၄၀ ကြားတွင်ရှိနေကြာင်းလည်း ၎င်းကဆက်ပြောသည်။ 

ကရားကျေးရွာ နှင့် သာစည်ကျေးရွာတွင် သမ္မတဦးသိန်းစိန်လက်ထက်က တရားမဝင်ရွှေမျှောတူးဖော်မှုများရှိပြီး ရေလွဲပေါက်များပေါ်ပေါက်ခဲ့ကာ ကရားအုပ် ၊ အင်းလယ် စသည့်ကျေးရွာမှ လယ်ယာမြေများ ပျက်စီးခဲ့ကြောင်းသိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *