ဗန်းမောက်မြို့နယ် ပင်းခါးနှင့် ကြောင်လည် ကျေးရွာတွေက စစ်ဘေးသင့်ဒေသခံတွေအတွက် စားနပ်/ရိက္ခာ များသွားရောက်ကူညီခဲ့တဲ့ မံစီကြီးဒေစိတ် သျှမ်းနီစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူ စိုင်းခွန်ကျော် နှင့် ရှမ်းနီအသံမှ ဆက်သွယ်မေးမြန်းမှုတွေကို တင်ဆက်ပေးသွားမှာပါ။






မေး ။ ။ ဘယ်ဒေသက စစ်ဘေးသင့်တွေကို သွားရောက်ကူညီခဲ့သလဲ။
ဖြေ။ ။ စစ်ကိုင်းတိုင်းဒေသကြီး ကြောင်လည်ကျေးရွာနဲ့ပင်းခါးကျေးရွာ နှစ်ရွာပါဗျ
မေး။ ။ အဲ့ဒီဒေသက လူဦးရေဘယ်လောက် စစ်ဘေးဒဏ်ခံရသလဲ။ဘယ်လိုစစ်ဘေးသင့်ခဲ့ကြသလဲ။
ဖြေ။ ။ နှစ်ရွာပေါင်းလူဦးရေတစ်ထောင်ကျော် စစ်ဘေးသင့်ခံစားနေရပါတယ်။
မေး။ ။ သူတို့တွေကို သွားရောက်ကူညီဖို့အတွက် ဘယ်လိုမျိုးစီစဉ်ဆောင်ရွက်ခဲ့ကြသလဲ။
ဖြေ။ ။ရှမ်းနီစာပေနဲ့ယဉ်ကျေးမှုအဖွဲ့တွေစုစည်းပြီး ဒီဒေသထဲမှာရှိတဲ့ ရွာတွေဆီတစ်ရွာပြီးတစ်ရွာအလှူခံခဲ့တယ် ကျေးရွာသူရွာသားတွေလှူဒါန်းခဲ့တဲ့ ပိုက်ဆံ၊ရွှေအားလုံးကို စုစည်းရောင်းချပြီး သွားလှူခဲ့တာပါ။
မေး။။ ။ကူညီမှုတန်ဖိုးဘယ်လောက်လောက်ရှိသလဲ။ ဘယ်လိုအမျိုးအစားတွေသွားကူညီခဲ့သလဲ(ဥပမာ-အစားအသောက်၊အဝတ်အထည်)
ဖြေ။ ။တန်ဖိုးက သိန်း(၁၂၀)ဖိုးရှိပါတယ် ဆန်၊ဆပ်ပြာမှုန့်၊ဆား၊စားဆီ၊အချိုမှုန့်၊ငပိ၊ကြက်သွန်ဖြူ၊ကြက်သွန်နီ စသဖြင့်ပါပါတယ် ပင်းခါးရွာအတွက်ကို ပင်းခါးဘုန်းကြီးကျောင်းမှာသွားလှူထားခဲ့တာပါ ကြောင်လည်ကကျတော့တစ်ရွာလုံးနီးပါး မင်းကုန်းကျေးရွာဘက်ကိုပြေးနေရလို့ ကြောင်လည်အတွက်က မင်းကုန်းမှာသွားလှူထားခဲ့ပါတယ်။
မေး။ ။ လက်ရှိ ပင်းခါး၊ကြောင်လည်ဒေသက စစ်ဘေးဒဏ်သင့်နေတဲ့သူတွေ ဘယ်လိုခံစားနေကြရသလဲ။
ဖြေ။ ။ အော်သူတို့တွေလည်း ဒီလိုမကြုံဖူးကြဘူး လင်မယားတွေ မိသားစုတွေလည်းခွဲနေကြရတယ်ဆိုတော့ မျက်နှာတွေလည်းမကောင်းကြဘူး အဖေကွဲအမေကွဲ နေနေကြရတယ် ဒါတင်မက အိမ်မီးလောင်သွားတဲ့သူတွေလည်းရှိတယ် ဒါကြောင့် စိတ်ကောကိုယ်ကော တော်တော်လေးဆင်းရဲနေကြတာပေါ့ဗျာ။
မေး။ ။ သွားရောက်ကူညီဖြစ်တဲ့ ရည်ရွယ်ချက်ကဘာဖြစ်မလဲ။
ဖြေ။ ။ ကျွန်တော်တို့အမျိုးရှမ်းတွေကို ကျွန်တော်တို့သွားမကူညီရင် ဘယ်သူမှလာမကူညီနိုင်ကြဘူးလေ ဒါကြောင့် ကျွန်တော်တို့အချင်းချင်းဝိုင်းဝန်းကူညီပေးကြရင် ကောင်းမယ်လို့ဆိုတဲ့အတွေးနဲ့ သွားကူညီဖြစ်တာပါ ဒါမှပဲပူးပေါင်းစည်းလုံးမှုအားတွေ စာနာတတ်မှုတွေ တိုးတက်လာမယ်လို့ ထင်မိလို့ပါ။
မေး။ ။ဗန်းမောက်မြို့နယ်ထဲမှာ ဒီနှစ်ရွာတည်းမဟုတ်ဘဲ ကျန်တဲ့ရွာတွေမှာလည်း ဒီလိုစစ်ဘေးဒဏ်ခံနေကြတာတွေရှိတယ် အေ့ဘက်တွေကိုကော သွားကူညီဖို့အစီအစဉ်ဆက်ရှိထားသေးလား။
ဖြေ။ ။ အခုလောလောဆယ်တော့ သွားမကူညီနိုင်သေးဘူးဗျ ။
မေး။ ။အခုလိုရှမ်းနီဒေသတွေမှာ စစ်ဘေးသင့်နေတာနဲ့ပတ်သက်ပြီး ဒေသခံတစ်ယောက်အနေနဲ့ရော ရှမ်းနီစာပေယဉ်ကျေးမှုကော်မတီအနေနဲ့ရော ဘာများပြောချင်ပါသလဲ။
ဖြေ။။ ။ အေးချမ်းစေချင်ပါပြီ မိသားစုတွေအတူတကွမနေရတာတွေကို ကြည့်ပြီး တော်တော်လေးစိတ်မကောင်းဖြစ်ရပါတယ် တစ်ချို့တွေကို PDF တွေခေါ်သွားတယ် တစ်ချို့ကစစ်ဘေးရှောင်နေရတယ် ဒီလိုမဖြစ်စေချင်ပါဘူး ပြန်လွှတ်လာစေချင်ပါတယ် တိုက်ပွဲတွေစစ်ပွဲတွေကိုလည်းငြိမ်းစေချင်ပါပြီ နိုင်ငံရေးတွေလည်းကောင်းစေချင်ပါပြီဗျာ။
ကျေးဇူးတင်ပါတယ်။