ဗန်းမောက်မြို့နယ်ကနာမည်ကျော်ဇလုံတောင်မှာနေ့စဉ်ဘုရားဖူးတစ်ရာဝန်းကျင်ရှိနေ 

ဇန်နဝါရီ ၁၂၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းမှာရှိတဲ့ နာမည်ကျော်ဇလုံတောင်(နွိုင်စန့်လုံ) ကိုနယ်ဝေးဘုရားဖူး နေ့စဉ်တစ်ရာဝန်းကျင်ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ 

“ တော်တော်များများ လာကြတယ်။ နယ်ဝေးကတွေ လာတယ်။ အဲ့ဒီ မန်းလေးဘက်ကတွေကော အေ့မြောင်းမြ ဘက်ကတွေကော။ ကျောက်ပတောင်း အကုန် တော်တော်များများကြီး လာတယ်။ ရှမ်းပြည်ကတွေတောင် လာတယ်။” လို့ ဇလုံတောင်တော်မှာ ဝေယာဝစ္စလုပ်နေတဲ့ အမျိုးသမီးတစ်ဦးက ပြောခဲ့ပါတယ်။

ဗန်းမောက်မြို့ကနေ ဇလုံတောင်အထိ လမ်းများပြုပင်ထားတာဖြစ်ပြီး သွားလာရေးလွယ်ကူတယ်လို့လည်း သူကဆက်ပြောပြပါတယ်။ 

ဇလုံတောင် ဘုရားဖူး သွားရောက်ဖို့အတွက် ဗန်းမောက်မြို့ကနေ  ကားတစ်စီးလုံးကိုမှ တစ်သိန်းခွဲ။ ၁၅ ယောက်ထက် ပိုသွားရင်တော့ တစ်ယောက်ကို တစ်သောင်း ပြန်ကောက်တယ် လို့ အဆိုပါ အမျိုးသမီးက ဆက်ပြောပါတယ်။

ဇလုံတောင်(လွိုင်စန့်လုံ)တောင် ဘုရားဖူးကားတွေ တက်ရောက်ခွင့်ကို  ကိုဗစ်ကပ်ရောဂါဖြစ်တဲ့ ၂၀၂၀ နှစ်လည်ပိုင်းကနေ စတင်ပိတ်ထားတာလည်းဖြစ်ပါတယ်။ 

၂၀၂၀ ကိုဗစ်ကပ်ရောဂါမတိုင်ခင်က တစ်ရက်လူဦးရေရာနှင့်ချီ ခရီးသွားတွေရှိတဲ့နေရာတစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းထဲက အထင်ကရနေရာတစ်ခုလည်းဖြစ်ပါတယ်။ 

ဗန်းမောက်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေဟာ မကြာခဏဖြစ်ပွားနေသလို မြို့ချင်းနီးတဲ့ အင်းတော်မြို့နယ်အတွင်းမှာလည်း PDF တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေက ဆက်ရှိနေဆဲဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *