ဗန်းမောက်မြို့နယ်စက်တောကျေးရွာနှင့်အလယ်ရွာကြားမှာစစ်ကောင်စီတပ်နှင့်ဗန်းမောက် PDF တပ်ဖွဲ့တို့နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားနေ

ဗန်းမောက်မြို့နယ်အလယ်ရွာကျေးရွာကိုတွေ့ရစဉ် / Photo Credit

မတ် ၃၀ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ် စက်တောကျေးရွာနှင့် အလယ်ရွာကြားတွေမှာ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က နှစ်ရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

“အေ့ဖြစ်တာတော့ ဟုတ်တယ်တဲ့။ ဒီနေ့မနက်လည်း ဖြစ်သေးတယ်။ ပစ်နေတယ်ပြောတယ်။ ရွာသားတွေက ရှောင်ထားတယ်ပြောတယ်။ သူတို့မပြောရဲဘူး တစ်ချို့ဟာတွေလည်း”လို့ သတင်းအရင်းအမြစ်တစ်ခု ပြောပါတယ်။

ဗန်းမောက်မြို့မှ စစ်ကြောင်းထိုးလာသော အင်အား ၇၀ ပါ စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များသည် အလယ်ရွာ ကံရွာအနီးမှာ မတ်လ ၂၉ ရက်နေ့  ည ၁၀ နာရီမှာ တစ်ကြိမ်၊ ယနေ့ မတ်လ ၃၀ ရက်နေ့ နံနက် ၇ နာရီမှာတစ်ကြိမ် ရင်ဆိုင်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ Banmauk Revolution အဖွဲ့က လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားထားပါတယ်။ 

တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်ရသူတစ်ချို့လည်းရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ 

ကံရွာကတွေတော့ ပြေးခဲ့ကြပြီပြောတယ်။ ဘုန်းကြီးကျောင်းမှာ စုကြတယ်ပြောတယ်။ အလယ်ရွာကတွေတော့ မပြေးဘူးတဲ့။”လို့ ဗန်းမောက်မြို့ဒေသခံ အမျိုးသားတစ်ဦးက အဖြစ်အပျက်ကို ပြောပြခဲ့ပါတယ်။

ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာအနီးမှာလည်း  ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး စစ်ဘေးတိမ်းရှောင်ရသူတွေရှိတယ်လို့ တိမ်းရှောင်ရတဲ့ မိသားစုတွေဆီကနေ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *